Friday, December 7, 2007

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနေသည့် ပင်လယ်ကွေ့ဒေသ

ဦးလှမြင့်(မားကက်တင်း)




အရှေ့အလယ်ပိုင်းသည် စစ်မီး တောက်လောင်နေသည့်ဒေသ။ ပါလက် စတိုင်းနှင့်အီရတ်တွင် ပြည်တွင်းစစ်ဖြစ်နေ သည်။ လက်ဘနွန်က ဟစ်ဘိုလာစသည့် အကြမ်းဖက်အုပ်စုများနှင့်ပြဿနာတက် လျက်ရှိသည်။ ဆီးရီးယားနှင့်အစ္စရေးတို့က ရန်စောင်နေကြသည်။ အီရန်က နျူကလီ ယားဓာတ်ပေါင်းဖိုအရေးတွင် အမေရိကန် နှင့်ဥရောပသမဂ္ဂနိုင်ငံများကိုအန်တုလျက် ရှိသည်။

သို့သော် ယင်းအနိဋ္ဌာရုံမီးခိုးမှိုင်းလုံး များနောက်ကွယ်တွင် အလွန်ခြားနားသည့် ဇာတ်လမ်းတစ်ပုဒ်ထွက်ပြုစပြုနေပြီဖြစ် သည်။ ပါရှန်ပင်လယ်ကွေ့ အာရပ်နိုင်ငံ များအဖို့ ယခုထက်ကောင်းသည့်အချိန်မရှိ ခဲ့စဖူး။ ဘိဇနက်များမှာ ဖွံ့ဖြိုးစည်ပင်နေ သည်။ နိုင်ငံရေးပဋိပက္ခဟူသည် နိုင်ငံခြား မှထူးခြားဖြစ်ရပ်လိုဖြစ်နေသည်။

ပင်လယ်ကွေ့ပူးပေါင်းကူညီရေး ကောင်စီဝင်များ၊ GCC လည်းဖြစ်၊ ရေနံ ကြွယ်ဝသည့်နိုင်ငံများလည်းဖြစ်သည့်ဘာ ရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာ ရေးဘီးယားနှင့်အာရပ်စော်ဘွားများနိုင်ငံ (UAE)တို့သည် အသွင်ပြောင်းကာလသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းနိုင်ငံတို့ သည် ကမ္ဘာကြီးတစ်ခုလုံးမဖြစ်သည့်တိုင် ဒေသအပေါ် နက်ရှိုင်းသည့်အကျိုးသက် ရောက်မှုရှိမှာဖြစ်သည်။

ရေနံဖြင့်ချမ်းသာလာ

မကြုံဖူးအောင် မြင့်တက်ခဲ့သည့် ရေနံဈေးနှုန်းကြောင့် ယင်းနိုင်ငံများသို့ငွေ များမှာ ဒီရေအလားလိမ့်ဝင်လျက်ရှိသည်။ လွန်ခဲ့သည့် ၅နှစ်ကာလအတွင်း ယင်းနိုင်ငံ များ၏ရေနံမှဝင်ငွေမှာကြောက်ခမန်းလိလိ ဒေါ်လာ ၁၅ဝဝဘီလျံရှိခဲ့သည်။ နိုင်ငံ တကာဘဏ္ဍာရေးအဖွဲ့(IIF)၏ကိန်းဂဏန်း အရဖြစ်သည်။ ၂ဝဝ၇ခုနှစ် ကုန်ဆုံးချိန် တွင် GCC အနေဖြင့်နောက်ထပ်ဒေါ်လာ ၅၄ဝဘီလျံဝင်ဦးမှာဖြစ်သည်ဟု IIF ကဆို သည်။ ယင်းငွေပမာဏသည် ဘရာဇီး၊ အိန္ဒိယနှင့်တူရကီ သုံးနိုင်ငံပေါင်း၏ပြည်ပ ပို့ကုန်ဝင်ငွေထက်ပင်များနေသေးတော့ သည်။

ယင်းဒေါ်လာငွေများက တစ်ခါက စီးပွားရေးနောက်ကျနေခဲ့သည့်ဒေသကို ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီး နိုင်ငံများတွင် အဆင့်၁၆၌ရပ်တည်စေနိုင် ခဲ့သည်။ GCC ဇုန်သည် ၂ဝ၃ဝပြည့်နှစ် အရောက်တွင် ကမ္ဘာ့အမှတ်၆နေရာသို့ ရောက်ရှိလာမည်ဟု IIF ကခန့်မှန်းသည်။

စီးပွားရေးဘက်တွင် အမြင်ပိုကျယ်လာ

ပင်လယ်ကွေ့နိုင်ငံများက ရေနံ ကြောင့် ကြွယ်ဝမှုကို ယခင်ကရရှိခံစားဖူး သည်။ သို့သော် အခွင့်အရေးကိုအမြတ် ထုတ်တတ်ခြင်းမရှိချေ။ ခေါင်းဆောင် အများအပြားမှာ ငွေများကိုကာကွယ်ရေး သို့မဟုတ် အနောက်နိုင်ငံဘက်များတွင် သိုဝှက်သိမ်းဆည်းထားတတ်ကြသည်။

သို့သော် ယနေ့ကာလခေါင်းဆောင် များက ပိုပြီးအမြင်ကျယ်သည်။ စီးပွားရေး အမြင်နှင့်စိတ်ဓာတ်ရှိသည့်နိုင်ငံရေးခေါင်း ဆောင်များက ယင်းတို့ထက် ပိုပြီးရင့်ကျက် သည့်တီထွင်ဉာဏ်အားပိုကောင်းသည့် ပုဂ္ဂလိကကဏ္ဍနှင့်လက်တွဲလုပ်ကိုင်လာ သည်။ ငွေကိုအမြော်အမြင်ရှိရှိသုံးစွဲရန် ဖြစ်သည်။ ခေတ်သစ်ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဘက်တွင် ဗဟို ချက်မအလျင်အမြန်ဖြစ်လာနေသည့်ဒူဘိုင်း ၏ဦးဆောင်မှုဖြင့်ဒေသရှိ မြို့များကပြုပြင် ပြောင်းလဲမှုကိုထွေးပိုက်ပြီး အနာဂတ် အတွက် ကြီးမားသည့်အဂျင်ဒါ(အစီအမံ များ)ကိုရေးဆွဲလျက်ရှိသည်။ ‘ပင်လယ် ကွေ့ဒေသက နံနက်ရောင်ခြည်ဦးထဲ ရောက်နေပါပြီ။ ယင်းက ၁၉၇ဝပြည့်လွန် နှစ်ကာလများထက် ပိုပြီးမြန်မြန်ဆန်ဆန် နှင့် ပိုပြီးထက်ထက်မြက်မြက်ချီတက်လျက် ရှိပါတယ်’ ဟု ဒူဘိုင်းအခြေစိုက် ‘အရှေ့ အလယ်ပိုင်းစီးပွားရေးဒိုင်ဂျက်’ အယ်ဒီတာ အဖွဲ့ညွှန်ကြားရေးမှူးဖြစ်သူ အက်မန်အို ဆူလီဗန်ကပြောပါသည်။

ပြောင်မြောက်သည့်မက်ခရိုစီးပွားရေး ပေါ်လစီများ

ပင်လယ်ကွေ့ဒေသ၏ဖွံ့ဖြိုးရှင်သန် လာမှုမှာ ပြောင်မြောက်သည့်မက်ခရိုစီး ပွားရေးပေါ်လစီများ၊ အားကောင်းသည့် နည်းပညာတတ် အသိုင်းအဝန်းများစွာမှ တိုးတက်လာသည့်စည်းမျဉ်းစည်းကမ်း ပတ်ဝန်းကျင်အခြေအနေ၊ အရင်းအနှီး မြှုပ်နှံရန် လိုလိုလားလားရှိသည့်ပုဂ္ဂလိက ကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍတွင်တစ်ကမ္ဘာ လုံးနှင့်အားကောင်းသည့်ဆက်သွယ်မှုရှိနေ ခြင်းကြောင့်ပင်။ ယင်းအင်္ဂါရပ်များအား လုံးစုပေါင်း၍စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အတွက် အထောက်အပံ့ဖြစ်စေသည်။

ရေနံကြောင့် ပွပေါက်တိုးပြီး ရရှိလာ သည့်ဒေါ်လာဘီလျံ ၁၅ဝဝမှ ဒေါ်လာ ဘီလျံ ၁ဝဝဝကို GCC နိုင်ငံများအတွင်း ထားရှိပြီး သွင်းကုန်များနှင့်ဖွံ့ဖြိုးရေးဘက် တွင်သုံးစွဲသည်။ ယင်းသည် အတိတ်က ထက် ကြီးမားသည့်တိုးတက်မှုပဲဖြစ်သည်။ အတိတ်ကဆိုလျှင် ငွေအမြောက်အမြား ကို ဆွစ်ဇာလန်ဘဏ်များတွင်သိမ်းဆည်း ထားတတ်သည်။ သို့မဟုတ် လက်နက်များ အပေါ် ပုံအောသုံးစွဲသည်။ စက်မှုကဏ္ဍ တွင်လည်း ရင်းနှီးမြှုပ်နှံမှုမှာတိုးတက်နေ သည်။ ယင်းသည် ဒေသအားရေနံအပြင် ယင်း၏စီးပွားရေးကိုခွဲဖြာလုပ်ကိုင်ရာတွင် အခရာကျသည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံကို ကြည့်ပါ။ ၂ဝ၁၅ခုနှစ်အရောက်တွင် ကမ္ဘာ့ ထိပ်တန်းရေနံဓာတုပစ္စည်းများထုတ်လုပ် သည့်နိုင်ငံဖြစ်ရေးမျှော်မှန်းချက်မှာအစီ အစဉ်အတိုင်းဖြစ်နေသည်။ သံမဏိ၊ အလူ မီနီယံ(ဒန်သတ္တု)နှင့်ပလတ်စတစ်စက်ရုံ သစ်များတည်ဆောက်ရေးမှာလည်းလမ်း ကြောင်းပေါ်ရှိနေသည်။

စွမ်းဆောင်ရည်မြင့်မားသည့်ကုမ္ပဏီ မျိုးဆက်သစ်

တကယ်အားဖြင့် ပင်လယ်ကွေ့ ဒေသတွင်စွမ်းဆောင်ရည်မြင့်မားသည့်၊ ရည်ရွယ်ချက်ကြီးမားသည့်၊ ကမ္ဘာနှင့်ချီပြီး လုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီများကအလုပ် အကိုင်သစ်များကို ဖန်တီးပေးသည်။ ဖွံ့ဖြိုး မှုစက်ဝန်းကိုအားဖြည့်ပေးသည်။ ဘက်စုံ စီးပွားရေးဖြစ်ထွန်းရေးတွင် အကူအညီပေး သည်။ ၎င်းတို့က ကမ္ဘာတစ်ဝန်းရှိအခြား စီးပွားရေးများကိုလည်း ရိုက်ခတ်စပြုနေပြီ ဖြစ်သည်။ ယင်းတို့ထဲမှ ဦးဆောင်ကုမ္ပဏီ တစ်ခုမှာ အီမီရိတ်လေကြောင်းလိုင်း (Emirotes Airline)ပဲဖြစ်သည်။ နောက် ဆယ်စုနှစ်တွင် ကမ္ဘာ၏အကြီးမားဆုံးလေ ကြောင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူဖြစ် လာရန်ရည်မှန်းထားသည်။ အဲယားဘတ်စ် (Airbus)သည် ပင်လယ်ကွေ့အခြေစိုက် စီးပွားရေးလုပ်ငန်းများမှ ဒေါ်လာ၃၂ဘီလျံ တန်ကြေးရှိ အမှာစာများရရှိထားသည်။ ဒူဘိုင်းမှ အိမ်ခြံမြေနှင့်ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ‘အီမာ’ သည် ကာဆာ ဘလန်ကာမှ ကာရာချိအထိအဆောက် အအုံများကို ဆောက်လုပ်ပေးလျက်ရှိ သည်။ UAE မှ အက်တီဆာလက်ကုမ္ပဏီ ကလည်း အနောက်အာဖရိကမှသည် ပါကစ္စတန်အထိဆက်သွယ်ရေးလုပ်ငန်း ကန်ထရိုက်များကိုလက်ခံရရှိနေသည်။

အစိုးရပိုင်းအနေနှင့်ငွေအမြောက် အမြားကိုစိတ်ချရသည့်အမေရိကန်ပြည် ထောင်စုနှင့်ဥရောပတွင် ရင်းနှီးမြှုပ်နှံထား သည်။ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ USတွင် ဒေါ်လာ ၃ဝဝဘီလျံနှင့်ဥရောပတွင်ဒေါ် လာ၁ဝဝဘီလျံခန့်ရှိသည်။ ထိုမျှနှင့်မပြီး သေး။ လွန်ခဲ့သည့် ၅နှစ်ကာလအတွင်း ပင်လယ်ကွေ့နိုင်ငံများကအရှေ့အလယ် ပိုင်းမှအကူအညီလိုသည့်ဒေသတွင် ဒေါ် လာ ၆ဝဘီလျံနှင့်အာရှဒေသတွင် နောက် ထပ်ဒေါ်လာ၆ဝဘီလျံ ရင်းနှီးမြှုပ်နှံထား သည်။ ဒီနည်းဖြင့် အီဂျစ်၊ မိုရိုကိုနှင့် ဂျော်ဒန်တို့သည် ပင်လယ်ကွေ့နိုင်ငံများ ကြောင့် ကွက်ကျားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်လာသည်။ ထို့အပြင် ‘ပိုး လမ်းမကြီးအသစ်’ တစ်ခုကိုလည်း ဖန်တီး ဖြစ်ပေါ်စေသည်။ GCC နှင့်အာရှ၏ကုန် သွယ်မှုသည် သုံးဆတက်လာခဲ့သည်။ ပင်လယ်ကွေ့မှရင်းနှီးမြှုပ်နှံသူများက အာရှမှအက်ဆက်များ(assets)ကို ဝယ် ယူရန် တန်းစီနေကြသည်။ တရုတ်နိုင်ငံ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်မှ အများပြည်သူသို့စတော့ခ်များ(IPO)ကို ပြီးခဲ့သည့်နှစ်ကစတင်ရောင်းချသည့်အခါ အကြီးမားဆုံးဝယ်သူများမှာ ကူဝိတ်၊ ကာ တာ၊ အာရပ်စော်ဘွားများနိုင်ငံ(UAE)နှင့် ဆော်ဒီအာရေးဘီးယားတို့ဖြစ်သည်။

ဒီသို့ ဦးတည်မှုဖြစ်စဉ်များက ပင်လယ်ကွေ့ဒေသကို ကမ္ဘာနှင့်ချီသည့် ပိုမိုမြင့်မားသည့်ပုံရိပ်ကောင်းကိုရရှိစေ သည်။ ပမာအားဖြင့် US အပါအဝင် နိုင်ငံအများအပြား၏ကြွေးမြီများကို တရုတ်၊ ဂျပန်နှင့်ပင်လယ်ကွေ့ဒေသတို့မှ ငွေသားဖြင့်ကျားကန်ပေးနေရသည်။ သဘောမှာ GCC နိုင်ငံများအနေနှင့် ကမ္ဘာတွင် ငွေကြေးဆိုင်ရာတစ်ဖက်စောင်း နင်းဖြစ်မှုအပေါ် ပိုမိုပူပန်လာရသည့် အဓိကအင်အားစုကြီးဖြစ်လာနေခြင်းပင်။ ထို့အပြင် US ဦးဆောင်သည့်ကမ္ဘာလုံး ဆိုင်ရာဖွံ့ဖြိုးမှုကို မီးထိုးပေးရာတွင် ၎င်း တို့၏အကျိုးစီးပွားပါဝင်ကြောင်း သိသာ ထင်ရှားသည်။ US ပြိုလဲလျှင် ၎င်းတို့ပါ ရောပြီး ထိခိုက်မည်ဖြစ်သည်။

No comments: