Friday, December 14, 2007

သင့်ရဲ့ ဖဲချပ်တွေကို ရင်မှာကပ်ထားပါ

သင့်ကိုယ်သင်နှင့်ရန်သူများကို တုံ့ပြန်မှုဆိုင်ရာ အမှန်တရားများ

ကိုလင်း


‘ဖဲသမားမျက်နှာ’ ဆိုတာ မိမိဘာတွေ ကြံစည်နေတယ်ဆိုတာ တခြားကစားဖော် တွေမသိအောင် မှင်သေသေထားတတ်တဲ့ မျက်နှာကို ခေါ်ပါတယ်။ ‘သင့်ရဲ့ဖဲချပ်တွေကို ရင်မှာကပ်ထားပါ’ ဆိုတာကလည်း သင့်ရဲ့ဖဲ ချပ်တွေကို တစ်ပါးသူ မသိရလေအောင် ဂရုစိုက်ခိုင်းတဲ့သဘောဆောင်ပါတယ်။ အဲဒီနှစ်ချက်စလုံးဟာ ဖဲသမားတွေရဲ့အဓိက အရည်အသွေးတွေပါပဲ။ သင့်လက်ထဲက ဖဲချပ်တွေဟာ ဘာတွေဖြစ်နိုင်တယ်ဆိုတာ အနည်းငယ်ရိပ်မိသွားရုံနဲ့တခြားကစားဖော် တွေရဲ့ကစားပုံဟာ ပြောင်းလဲသွားနိုင်ပါ တယ်။ သင့်ရဲ့ဖဲချပ်တွေကြောင့် သင့်မျက်နှာ မှာကျေနပ်နေတယ်ဆိုတာ သိသွားရင် ဘယ်သူမှ လောင်းကြေးထပ်ကြတော့မှာ မဟုတ်ပါဘူး။ တကယ်လို့သင့်မျက်နှာပျက် နေတယ်ဆိုရင်တော့ အခွင့်အလမ်းတစ်ရပ် အနေနဲ့ လောင်းကြေးထပ်တိုးကြပါလိမ့်မယ်။

သင့်ရဲ့ခံစားမှုကို ထိန်းချုပ်နိုင်တယ် ဆိုတဲ့အရည်အချင်းဟာ ဖဲကစားသမားတွေ မှာသာမက စီးပွားရေးသမားကောင်းတွေ ထဲမှာလည်းလိုအပ်ပါတယ်။ စိတ်ခံစားမှုကို ဖော်ပြရာမှာ ကျေနပ်သည်၊ စိတ်ဆိုးသည် ဖြစ်စေ အလုပ်ပိုင်းဆိုင်ရာမလိုလားမှုတွေဖြစ် စေနိုင်ပါတယ်။ စိတ်ခံစားမှုမထိန်းချုပ်နိုင်တဲ့ သူကို ပျော့ညံ့သူ၊ ထိခိုက်လွယ်သူလို့ သတ် မှတ်ကြရုံမကလုပ်ငန်းကြီးတစ်ခုကို ဦးဆောင် နိုင်မယ့်သူမဟုတ်ဘူးလို့ဆိုကြပါလိမ့်မယ်။ ဒါ့အပြင် သင့်ရှေ့မှောက်မှာ အနေအထိုင် ခက်ကြရုံမက ဘယ်လိုပြန်လည်ပြောဆို တင်ပြရမယ်ဆိုတာမသိအောင် ဖြစ်ကုန်တတ် ကြပါတယ်။

ဒီလို ပြောလိုက်တာကြောင့် သင့်ရဲ့ ပျော်ရွှင်မှု၊ စိတ်ဆင်းရဲမှုတွေကို တစ်ပါးသူ မသိအောင် ဖုံးကွယ်ရမယ်လို့တော့မဆိုလိုပါ ဘူး။ အခြေအနေအရ ဘယ်အချိန်မှာ ဘယ် လိုထုတ်ဖော်ရမယ်ဆိုတာကိုသာ သတိပြုစေ ချင်တာပါ။ သင့်လျော်တဲ့အချိန်ရောက်တဲ့ အထိ သင့်ရဲ့အကြံအစည်ကို ထိန်းထားစေ ချင်ပါတယ်။ ထုတ်ဖော်ချိန် ကျရောက်တဲ့ အခါမှာလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ကျိုး ကြောင်းဆီလျော်ရပါလိမ့်မယ်။ ပြင်းထန်တဲ့ စိတ်ထဲခံစားချက်ကိုဖော်ပြရာမှာ အထူး သဖြင့် စိတ်ဆိုး၊ ဒေါသကြောင့် တစ်ဖက်သူ အနေနဲ့ကာကွယ်တုံ့ပြန်စိတ်ကိုဖြစ်ပေါ်စေပါ တယ်။ သူတို့က သင်ဟာ တွန်းပြီးခိုင်းနေ တယ်၊ သူတို့အပေါ် အပေါ်စီးရအောင် ပြော နေတယ်ထင်ကြပြီး အကြောက်အကန်၊ မချေ မငံပြောဆိုကြပါလိမ့်မယ်။ ဥပမာ-လုပ်ငန်း ခွင်ထဲမှာ အမှားလုပ်မိသူကို စိတ်ဆိုးဒေါသ ထွက်တယ်ဆိုတာ မှားတယ်လို့မဆိုနိုင်ပါဘူး။ ဒါပေမဲ့ စိတ်ဆိုးဒေါသကိုအများသူငါရှေ့မှာ မထုတ်ပြမိဖို့(လုပ်ငန်းခွင်ကို လေးစားတဲ့ သဘောအနေနဲ့) သို့မဟုတ် ချက်ချင်းပြော ဆိုအပြစ်မတင်မိဖို့လိုပါတယ်။ ဒီလိုအခြေ အနေမျိုးမှာ မသက်ဆိုင်တဲ့ တခြားဝန်ထမ်း တွေကိုရှောင်ခိုင်းလိုက်ပြီး သင့်စိတ်ဒေါသကို ထိန်းချုပ်၊ လျှော့ချနိုင်ပြီဆိုတဲ့အချိန်ကျမှ သူ့ရဲ့လုပ်ရပ်ကြောင့် သင်စိတ်ခုရကြောင်း၊ နောင်ဒီလိုအမှားမျိုးမလုပ်မိအောင် ကတိပေး စေချင်ကြောင်း အသာတကြည်ပြောပြပါ။ဒီလိုလုပ်ဆောင်မှုကြောင့် ထိပ်တိုက်ပြောဆို ရမယ့်အခြေကို မရောက်ရရုံမက သင်ဟာ လည်း မိမိစိတ်ကို ထိန်းချုပ်နိုင်တဲ့အရည် အသွေးရှိသူဖြစ်ကြောင်း သိစေနိုင်ပါတယ်။ ဒေါသကို ထိန်းလိုက်နိုင်တဲ့အတွက် သင့်ရဲ့ စကားလုံးတွေဟာလည်း ကျိုးကြောင်းဆီ လျော်စွာနဲ့ထိရောက်မှုရှိတာတွေ့ရပါလိမ့်မယ်။

လုပ်ငန်းခွင်ရာထူးတိုးခံရဖို့ သတင်း ကောင်းမျိုး လက်ခံရရှိရင်တောင်မှ လုပ်ငန်း ခွင်ရှိ တစ်ပါးသူတွေအတွက်ပါ ထည့်သွင်း စဉ်းစားပြီး သင့်ရဲ့ပျော်ရွှင်မှုကို ထိန်းသိမ်း တန်ကောင်း ထိန်းသိမ်းထားရဖို့လိုအပ်ပါ လိမ့်မယ်။ အလုပ်ထဲမှာ လူတစ်ယောက် အတွက် အောင်မြင်မှုသတင်းကောင်းတစ်ခု ဟာ တစ်ပါးသူတွေအတွက် ထိခိုက်စရာဖြစ် နေတတ်ပါတယ်။ မိမိရဲ့ပျော်ရွှင်မှုကို အလွန် အကျွံဖော်ပြလိုက်ရင် တစ်ပါးသူတွေအတွက် ဝမ်းနည်းစရာဖြစ်လာတတ်ပြီး သင့်အပေါ် အမြင်မကြည်လင်ဖြစ်တတ်ပါတယ်။ အလား တူ လူတွေရှေ့မှာ တစ်ယောက်ယောက်ကို အရမ်းချီးကျူးသမှုမပြုသင့်ပါဘူး။ လူတစ် ယောက်ရဲ့လုပ်ဆောင်မှုကိုအလွန်အမင်းကျေနပ် ကြောင်း ဖော်ပြလိုက်တာဟာ တစ်ပါးသူ တွေရဲ့လုပ်အားကိုတန်ဖိုးလျှော့တွက်သလို ဖြစ်စေရုံသာမက သူတို့ကိုလျစ်လျူရှုတယ်၊ အသိအမှတ်မပြုဘူးလို့ဆိုလိုရာရောက်စေ ပါလိမ့်မယ်။

ဖဲသမားတွေအတိုင်း အပြုအမူနည်း လမ်းဟာ လုပ်ငန်းခွင်အတွင်း သင့်အပေါ် ခုတုံးလုပ်အသုံးချခံရမှုကို ကာကွယ်ရာ ရောက်စေပြီး ချောင်ထိုးထားခံရမှုမှလည်း ကင်းဝေးစေပါတယ်။ ဒါကြောင့် ဖဲသမား မျက်နှာပုံစံလေ့ကျင့်ထားတတ်ရင် တစ်ပါး သူက ဘယ်လိုပြောပြော၊ လုပ်လုပ် သင့် မျက်နှာမှာ သင့်စိတ်သဘောဟာဖော်ပြ နေမှာမဟုတ်ပါဘူး။ လူတွေက သင့်ကို စနောက်တဲ့အခါ သင့်မျက်နှာမှာ ဘယ်လို သဘောမှမခံစားရတဲ့ပုံစံပေါ်နေခဲ့ရင် နောက် ထပ် စနောက်ဖို့ ဘယ်လိုမှ စိတ်မကူးတော့မှာ သေချာပါတယ်။ သင့်ရဲ့မျက်နှာနဲ့ ကိုယ်အမူ အရာအရ တုံ့ပြန်မှုမပြဘူးဆိုရင် နောက် ပြောင်တတ်သူတွေအတွက် စိတ်ဝင်စားစရာ ပုဂ္ဂိုလ်မဟုတ်တော့ပါဘူး။ သင့်အနေနဲ့ တကယ်ခံစားရပေမဲ့ ဒီလိုပြုမူပြသနိုင်ရင်ဖြင့် သင့်အပေါ် သူတို့ဘယ်လိုမှ မလွှမ်းမိုးနိုင်ဘူး ဆိုတာလည်း သိရှိသွားစေနိုင်ပါတယ်။

Ref: The Truth About Managing Your Career and Nothing But The Truth by Dr.Karen L.Otazo.

No comments: