အိပ်ချင်စိတ်သည် တောင့်တသည့်အခါ ပြည့်နိုင်ခဲပြီး အတောင့်တသည့်အခါ ဇွတ်အတင်း ၀င်ရောက်တတ်ဟန်တူသည်။
နာရီပြန်တစ်ချက်ကျော်ပြီ။ တစ်ရေးမှ မရသေး။ ပတŭပြုတ် ပြတင်းကြားမှ
ခိုးကြောင်ခိုးဝှက် ၀င်လာပန်ရှိသော လမ်းမီးမှိန်ဖျော့ဖျော့ကို ပန်းနုရောင်
ဇာခြင်ထောင်ပါးက အဆီးအတားမပြုနိုင်။ မပြောပလောက်သည့် မှုန်မွှားမွှား အလင်းရောင်ကပင်
အိပ်စက်ခြင်းကို နှောက်ယှက်ဖျက်ဆီးနေသည်ဟု ယိုးမယ်ဖွဲ့ချင်သည်။
ပူနေသော ကျောပြင်ကို သက်သာစိမ့်သောငှာ ဘယ်သို့ စောင်းလှည့်လိုက်သည်။ သာမန်ထက်
အနည်းငယ်ပြင်းသော အသက်ရှူသံနှင့်အတူ နှာငွေ့ နွေးနွေးကို ဇနီးသည်အေးထံမှ
တစ်ချက်တစ်ချက် ရသည်။
ကြက်အုပ်ဆောင်းလို ၀ိုင်းဝိုင်းကားကား ဗိုက်ဖုံးအင်္ကျီ တွင်းမှ စုစုပုံပုံ ဗိုက်ကို
ကြည့်ာစးင်မှာ နွေးခနဲနေသည်။ အပြစ်ကင်းစင်စွာ အိပ်မောကျနေသော ဇနီးအေးကို ကြည့်ာစးင်မှာ
တစိမ့်စိမ့် ဖြစ်ရသည်။ မိခင်လောင်းအဖြစ် ကိုယ်ဝန်ဆောင်နေချိန်သည်
အမျိုးသမီးတစ်ယောက်အတစ် အလှအပဆုံးအချိန်ဟူသောစကားကို ဘယ်မှာလဲသမိ တွေ့ဖူးသည်။
ခုချိန်တွင် ထိုစကားကို အကြွင်းမဲ့ထောက်ခံရန် အသင့်ဖြစ်သည်။
သားလား၊ သမီးလား .....။
သည်အတွေးက အိပ်စက်ခြင်းကို တစ်စစီ ဖဲ့ချွေပြန်သည်။ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်
လူအိုနောက်ကျသား ရင်သွေးကို မျိုမတတ် ချစ်မှာကတော့ အမှန်။
ချစ်သည်။ ချစ်သည်ဆိုရုံနှင့် ပြီးရောလား ....။
လူတစ်လုံး သူတစ်လုံးဖြစ်ဖို့၊ လူ့အောက်မကျဖို့၊ လိမ၊ာရေးခြားရှိဖို့၊
ဥာဏ်ပညာထက်မြက်ဖို့၊ လူအစော်ကား မခံရဖို့ ကျန်းမာဖို့၊ ပြည့်စုံဖို့ ..... ဖို့
ဖို့ ဖို့ ဆန၊တွေက များလှပါဘိခြင်း။ အယုတ်အလတ်အမြတ်မရွေး မည်သူပင်ဖြစ်စေ
မွေးဖွားလာပြီဆိုကတည်းက သူ့ အတ၊ုပတŤသည် စာအုပ်တစ်အုပ်သဖွယ် အစီအစဉ်ကျစွာ
ပါပြီးသားဟု အဆိုရှိကြသည်။ မွေးခြင်းနှင့်သေခြင်းအကြားတွင် လူစီမံ ဖန်တီးောစးသော
အစားထိုး လွဲဖယ်ောစးသော အရာများ များစွာ ရှိသည်ဟု ဆိုသော်ငြား မိမိရင်သွေး
အတ၊ုပတŤအတွက် ဖခင်တစ်ယောက် အနေနှင့် ပြည်စုံသထက် ပြည့်စုံအောင် ပြင်ဆင်ခွင့်၊
မွမ်းမံခွင့်၊ ဖြည့်စွက်ခွင့် မရှိရတော့ဘူးလား။ ကံကိုချည်း မျက်နှာလွှဲရုံဖြင့်
ဖခင်တာဝန် ကျေပန်ရောတဲ့လား ....။
ဖခင်၏ အခန်းကဏ္ဍသည် သားသမီး၏ အနာဂတ်အကျိုးစီးပွားနှင့် တိုက်ရိုက်ပတ်သက်ခွင့် မရှိရတော့ဘူးတဲ့လား။
ကာလတစ်ကာလမှာ လူဖြစ်ခွင့်ကြုံခိုက် မိမိမရရှိ မခံစားဖူးသော အခွင့်အရေးများ၊ မိမိအား
မတန်လွှတ်လိုက်ရသော အရာများစွာ။ ပြီးတော့ နောက်တစ်ကြိမ် ပြန်လည်း ဆုံတွေ့ရန်
မ၀ံ့ရဲတော့သာ လောကဓံများစွာ။ ဒါတွေကို ပိုင်းခြားဝေဖန်ပြရန် ဖခင်တစ်ယောက်မှာ
တာဝန်မရှိတော့ဘူးတဲ့လား .....။
နာရီသံချောင်းခေါက်သံနှစ်ချက်ကို သဲကွဲစွာ ကြားလိုက်ရသည်။ အိပ်ချင်စိတ်က
အနားသို့ပင် မသီ။ အတွေးက မှို့လေးတစ်စနှယ် လွင့်ကောင်းတုန်း။
သားဖြစ်စေ၊ သမီးဖြစ်စေ ချစ်တာတော့ ချစ်မှာပါပဲ။ ဒါပေမဲ့ မိမိရင်သွေးသည် ထင်သလို
ဖြစ်မလာ။ လူတကာ အော့ကြောလန်သော အတŲာနကြီးသော၊ သူများမျက်ရည်ပေါကကြီးငယ်ကျမှ
ထမင်းတစ်လုတ် ရှာစားတတ်သော၊ ရက်စက်ယုတ်မာသော၊ နိုင်လိုမင်းထက်ပြုချင်သော၊
လောကကြီးအား အကျည်းတန်စေရန် သက်သက် ၀င်ရောက်လာသော သားမျိုး သမီးမျိုးဖြစ်ခဲ့သော်။
မျက်လုံးများက ပိုမို ပြူးကျယ်လာပြန်သည်။
ညဥ့်နက်လေ အတွေးနက်လေဖြင့် လင်းခါနီးမှ မှေးခနဲ ပျော်သွားသည်။ အိပ်ရာမှ နိုးတော့
သတင်းပင်လာချေပြီ။ ၂၀ရာစု ကုန်လုလုအချိန်သည် အရာရာကို သိပ܈ပညာဖြင့် လွှမ်းမိုး
အနိုင်ယူထားချိန်ဟု ဆိုလျှင် မှန်မည်ထင်၏။ တစ်ချိန်က စိတ်ကူးယဉ်ခန့်မှန်းရုံကလွဲမ ။> မတတ်နိုင်သော ကိစ၊ ဟော.... အခု ငွေ ရာဂဏန်းကုန်ရုံဖြင့် အတပ်ဟောနိုင်ပြီ။
ယောက်ျားလေးတဲ့။ အာထရာဆောင်း အဖြေကို သိရသောအချိန်သည် မြေနှင့် ခြေဖ၀ါး
လွတ်နေသောအချိန်။ ပျော်လိုက်တာ။ ပျော်သမှ ဘာပျော်နည်းနှင့်မှမတူ။ ရှင်လိင်ပြန်တုန်းကနှင့်လည်းမတူ။
မိန်းမရတုန်းကနှင့်လည်းမတူ။ ထောင်က ထွက်တုန်းကနှင့်လည်းမတူ မိမိရင်သွေး
မိတŌမူပွားလေးကို မိစိထဲ မြင်ယောင်အောင် စိတ်ဖြင့် မှန်းဆ ပုံဖော်ရခြင်းကိုက ဘာအရသာနှင့်မှ
မတူ။ ရူးပြီ။ သားရူးရူးပြီ။ ဘာမှန်းမသိသည့်နေ့မှစ်လာသည့် အရူးဒီဂရီထဲတွင်
သားအမည်မှည့်ရေးသည် အရူးဒီဂရီအတက်ဆုံးအပိုင်းပင် ဖြစ်လိမ့်မည်။
ကောင်းနိုးရာရာ အမည်များကို နှုတ်မှ ရွတ်ကြည့်ရတာအမော။ သောတရှင်လိုရာမှ
သီချင်းတောင်းသည့် သူများ၏ နာမည်များကို နားစွင့်ကြည့်ရတာလည်းအမော။ မောရမှန်းမသိ။ ရှက်ရမှန်းမသိ။
ဘာဖြစ်လဲ။ ပုထုဇနော ဥမ၊တကောပဲလေ။ လူဆိုတာ တစ်မျိုးမဟုတ် တစ်မျိုးတော့ ရူးနေကြတာချည်း။
အာဏာရူး။ ဥစ၊ာစူးး၊ မယားတရူး မဟုတ်သေးသမျှတော့ ရှက်ကို မရှက်။ နာမည်းဆိုတာမျိုးက အခေါ်ရ
အရွတ်ရလည်း လွယ်မှ။ နာမည်တစ်လုံးခေါ်ဖို့အရေး လျှာနှစ်ခါလောက် ခလုတ်တိုက်မှ ခေါ်လို့ရလျှင်
မကောင်း။
ပြီးတော့ နာမည်က သိပ်ဆန်းနေပြန်လျှင်လည်း ကြားရသူ အော်ဂလီဆန်တတ်သည်။ ဘာအဓိပܧယ်မှ
ထူးထူးခြားခြား မဆောင်တဲ့ ခင်မောင်ဝင်းတို့ မျိုးသိန်းတို့ဆိုတဲ့ ကလီရှေးနာမည်မျိုးလည်း
မလိုချင်။ ခေါ်လို့လည်းကောင်း အဓိပܧယ်လည်း လေးနက်၊ ခေတ်လည်းမီဆိုတဲ့ အမည်မျိုးကတော့
အင်း အချိန်တော့ အတန် ပေးရလိမ့်မည် ထင်သည်။ သည်ကြားထဲ နေ့သင့် နံသင့်မှ ဆိုလျှင်
ပိုဝေးသွားလိမ့်မည်ထင်သည်။ ကိစ၊ာစှးိ။ အမည်ကောင်းလေး တစ်ခုရ ပြီးရော။
ဝသုန်ကျော်စွာ၊ သူရိန်ကျော်၊ ရဲရင့်မာန်၊ အာကာထက်မြင့်၊ ရာဇာဖုန်းမိုး၊ ဈာန်ရသူ၊
တည်ကြည်ဦး၊ မြင့်ရှိုင်းအောင်၊ မျိုးမြင့်ရာဇာ၊ ၊နြေ၊ပိုင်စိုး၊ ခိုင်မာသွေးချွန်
...ရေးလိုက်၊ ဖျက်လိုက် စိတ်ကြိုက်က တွေ့ပဲ မတွေ့နိုင်။
ဟယ် .... တွေ့မယ့်တွေ့တော့လည်း လက်ဖျောက်တစ်ချက် ဖျောက်ခနဲတီးပြီး။ ကြည့်စမ်း
ကောင်းလိုက်တဲ့ နာမည်။ သမ၊ာဒေ၀ နတ်ကောင်း နတ်မြတ်တွေ မပြီထင်သည်။ မစဉ်းစားဘဲ
သူ့ဘာသာ ဖျတ်ခနဲ ပေါ်လာလိုက်တာ....။ တော်ပြီ။ မည်သည့် အကြောင်းကြီးငယ် ကိစ၊့်မှ ဒီနာမည်ကို
မပြောင်းတော့။
ဖေ....ထက်....သာ။
သားကြီး ဖေထက်သာ။
=====================================================
"အမေလုပ်သူက အသက်ကလည်းထောက်၊ သားဦးကလည်းဖြစ်ပြန်၊ ညှပ်ရိုးကလည်းကျဉ်း၊ ကလေးကလည်း
ဆုံပိုင်းဆိုတော့ ခွဲမွေးဖို့ လိုအပ်လိမ့်မယ်။ ဆေးရုံကို တစ်ပတ်လောက်တော့
ကြိုတက်ပေါ့။ သွေးတို့ဘာတို့လည်း လိုချင်လိုမယ်။ လိုအပ်တာတွေ ပြင်ဆင်ထားပေါ့။ ဘာမှ
မကြောက်ပါနဲ့ "
ကိုယ်ဝန်သုံးလ ကတည်းက နှစ်ပတ်တစ်ကြိမ် မှန်မှန်ပြနေကျ မီးယပ်နှင့်သားဖွား အထူးကုက
အပိုအလိုမပါ လေအေးအေးဖြင့် ရှင်းပြသည်။ သူအဖို့တော့ ခွဲမွေးရသော ကိစ၊ ထမင်းစားရေသောက်
ကိစ၊်သော်လည်း မိမိတို့အဖို့ မျက်ကလဲဆန်ပျာ နိုင်လှသည်။ ပြီးတော့ "လိုအပ်တာတွေ
ပြင်ဆင်ထားပါ" ဆိုသော စကားကဘာလဲ ပဟေဠိဆန်လှသည်။ တွေ့အကြုံ ရှိပြီးသူများကို
ချဉ်းကပ်ကြည့်တော့ စကား၏ အတိမ်အနက်ကို နားလည်သည်။
ဇနီးအေးနှင့် သားကြီးဖေထက်သာတို့ ချောချောမောမောဖြစ်အောင် (လိုအပ်တာတွေ
ပြင်ဆင်လိုက်တော့) လက်ထပ်စဉ်က အေးပါလာသော ဘတ်ကြိုးလေးကို လုံခြုံရာ တစ်နေရာသို့
ပို့လိုက်ရသည်။ စိတ်ကို ဖြေလိုက်သည်။ မိုးတွင်းကြီး ရွှေကြိုးဆိုတာ ဆွဲထားရာ
ပစ၊မှ မဟုတ်ပဲလေ။
ဆရာသမား မိဘ ဂုဏ်ကြောင့် သားကြီးဖေထက်သာ မာယာပေါသော လောကအတွင်းသို့ မျက်လုံး
မပွင့်တပွင့်ဖြင့် ၀င်ရောက်လာသည်။ ပညတ်သွားရာ ဓါတ်သက်ပါဆိုသော စကားသည်
သာမန်အထောက်အထားဖြင့် သည်လောက်တွင် ကျယ်စရာကြောင်းမရှိ။ ခုတော့ မှန်သမှ (ဖေထက်သာအတွက်)
သွေးထွက်အောင် မှန်နေသည်။
အမေ မကြာမကြာပြောဖူးသော စကားကို အမှတ်ရသည်။
"မင်းတို့ ခေတ်မို့ပါကွယ်။ တို့လဲ ကလေး ငါးယောက်မွေးလာတာပါ။ အိုဂျီဝေးလို့
ထဘီအနီဝတ်ဆရာမတောင် ပြခဲ့ရတာ မဟုတ်ဘူး။ တစ်နေကုန် ကုန်းကျုံးလုပ်၊ ဗိုက်နာပြီဆိုမှ
မီးနေခန်းလေးပြင်၊ တို့အရပ်လက်စွဲ ဒေါ်သော့ကို ပြေးခေါ် ကြားတဲ့ အိမ်နားနီးချင်း
မိန်းမ ၃ ၄ ယောက်လောက်က ၀ိုင်းဝန်းကူ။ ဒီလိုနဲ့ မွေးချလိုက်တာမှ မင်းတို့
မောင်နှမတွေ ဒေါ်သော့လက်ထွက်ချည်းပဲ။ ကိုယ်ဝန်အားတိုးဆေးဆိုတာ အလုံးလား
အပြားလားတောင် မသိဘူး။ မင်းတို့ လက်ထက်ကျမှ နှစ်ပတ်တစ်ခါ အိုဂျီပြရတာနဲ့။ အိုဂျီမရှိတဲ့အရပ်ကလူတွေ
မင်းတို့လိုဖြင့် ကလေးမှ မွေးကြရဦးမလားမသိဘူး ကြီးကြီးကျယ်ကျယ်"
"သြော် .... ဒါတော့အမေရယ်။ ခေတ်အလျောက်ပေါ့"
"ဘာ... ခေတ်အလျောက်လဲ မင်းတို့ကိုက သဲလွန်းတယ်"
အမေပြောလဲ ပြောစရာ။ ဒါလောက် အားတိုးဆေးတွေ တိုက်နေတဲ့ကြားကပဲ ရိုးရိုးမမွေးနိုင်လို့
ဗိုက်ခွဲမွေးရ၊ နောက်ဘယ်လိုက ဘယ်လိုဖြစ်သွားတယ်မသိ။ ကလေးအမေက နို့မထွက်ပြန်။
ဝယ်လိုက်ရတဲ့ လက်တိုဂျင် နို့မှုန့် တစ်ဘူးသုံးရာကျော် တစ်လနှစ်ဘူး။
နည်းနည်းကြီးလာတော့ တစ်လသုံးဘူး။
ဟူး .... လူ့အဖိုးတန်ဆိုတာ ဒါမျိုးကို ခေါ် ထင်ပါရဲ့။ ခုလဲ ကလေးအမေနဲ့ စကားများရပြန်ပြီ။
သားကြီးဖေထက်သာ လေးနှစ်ပင် မပြည့်သေး။ မူကြိုပို့ချင်ပြီတဲ့။ အင်း ...နည်းနည်းတော့
ပိုပြီထင်တယ်။
"လုပ်မနေစမ်းပါနဲ့ကွာ။ ကလေးပဲ ကလေးနဲ့တူအောင် နေပါစေ။ တို့
လေးနှစ်သားလောက်တုန်းကဆို အမေ့ရင်ခွင်ထဲ ချွဲလို့ကောင်းတုန်း။
ခြောက်နှစ်တင်းတင်းပြည့်မှ ညာဘက်လက်နဲ့ ဘယ်ဘက်နားရွက်ကို ခေါင်းပေါ်က
ပတ်ပြီးဆွဲနိုင်မှ တို့ကျောင်းနေရတာ။ ငါးနှစ်ပြည့်မှပဲ ကျောင်းကြီးတန်းပို့ပါကွာ"
ဆိုတော့ မိန်းမက မျက်ထောင့်နီကြီးနဲ့ ....
"သြ ...မူကြိုမပို့ဘဲနဲ့ ကျောင်းကြီးတန်းပို့လို့ကတော့ ရှင့်သား ဘိတ်ချေးပဲ ရမှာပေါ့။
သူများကလေးတွေ ကကြီး ခကွေး ဒေါင်းဒေါင်းပြေးနေတဲ့အချိန်မှာ ရှင့်သားက ခွေးအ ကြီး
လှည်းနင်းထားသလို ကကြီး ပုတ်လောက်ကြီးရေးပြလို့မှ ဘာမှန်းမသိရင် ဘယ်လောက်ရှက်ဖို့ကောင်းသလဲ"
တဲ။
အင်း .... ဒီလိုဆိုတော့လဲ အဟုတ်သား။ ပို့စေဗျာ။ ကောင်းပေ့ဆိုတဲ့ မူကြိုကျောင်းကို
ပို့စေဗျား။
မေရွှေအေး သက်သက်ညှာညှာ စီစဉ်လာသည်ဟု ဆိုသည်။ ကျောင်းလခ တစ်လတစ်ရာ၊ ဖယ်ရီခက တစ်လရှစ်ဆယ်။
မုန့်ဘူး၊ ထမင်းဘူး၊ ရေဘူး အပြည့်အစုံနှင့် မူကြိုကျောင်းမဟာကို ချီတက်သွားသော
သားကြီးဖေထက်သာကို ကြည့်ပြီး ရင်ထဲ မြူးသလိုလို ဖြစ်ပေမဲ့ နားပေါက်
ဟောင်းလောင်းနှင့် ပိုသီပတ်သီ ဖြစ်နေသော အေးကို မြင်တော့ ဒေါသဖြစ်သလို၊
ဝမ်းနည်းသလိုလို သားကြီး မူကြိုစရိတ်က ကိုယ် တက၊် တက်စဉ်ကထက် ပိုနေပါပေါ့လား။
ထုတ်ပြောပြလျှင် ဘိုးတော်ဘုရား လေးဘက်တွားက ဟာတွေ လာမပြောနှင့်ဟု အငေါက်ခံရဦးမည်။
တွက်ကြည့် တို့တုန်းက အဆောင်ကြေး ၅၇ကျပ်၊ ကျောင်းလခ ၁၅ကျပ် ရှိလျှင် ပေါင်း ၇၂ကျပ်
ရှိလျှင်ပဲ စားရေး နေရေး ပြီးပြီ။ တစ်လ တစ်ရာ့အစိတ်၊ တစ်ရာ့ငါးဆယ်လောက်များ အိမ်က
ပို့နိုင်လို့ကတော့ တစ်ပတ်တစ်ခါ မြေနီကုန်းရုံပြေးပြီး တစ်ကျပ်ခွဲတန်းက
ငြိမ့်နိုင်သေး။ သြော် ...တွေးကြည့်တော့ တို့ခေတ်တုန်းကများနှင့် အစချီတတ်သော ရှေးလူကြီးများနှယ်
ငယ်ငယ်ရွယ်ရွယ်နှင့် အဘိုးကြီးသဖွယ် ပြောတတ်နေပါပကော။
"အဖေကြီး"
သားနှင့် သံယောင်လိုက်ခေါ်သလား။ သူများတွေလို ဖက်ရှင် ထွင်ခေါ်သလားတော့ မပြောတတ်။
ခေါ်ပုံကအစ ပြောင်းလဲနေသည်။
"အဖေကြီး"
ခေါ်သံကို မျက်လုံးဖြင့်ထူးလိုက်သည်။
"သားကြီးက ပြောနေတယ်"
"ဘာတဲ့တုန်း"
ဇနီးအေးက ပြုံးသည်။ သည်အပြုံးက တစ်ခုခု ပူဆာမည် ကြံတိုင်း ပြုံးနေကျ အပြုံး။
"သားကြီးကပြောတယ်။ လွယ်အိတ် မလွယ်ချင်တော့ဘူးတဲ့။ သူ့သူငယ်ချင်း ဇော်မောင်မောင်လင်း
တို့လို ကျောပိုးအိတ်မျိုး ၀ယ်ပေးပါတဲ့။ စာအုပ်များများဆန့်တယ်။ မိုးရေလဲ
မစိုဘူးတဲ့။ သူများတွေ ၀ယ်ပြီးပြီတဲ့"
ခြောက်တန်းဆိုတော့ အတန်းနှင့်မလိုက်အောင် စာအုပ်တွေက များမှန်းတော့ အသိသား။ မိုးရွာလျှင်
စာအုပ်တွေ မိုးရေစိုတတ်မှန်းလဲ အသိသား။ ၀ယ်ပေမယ်ဆိုရင်တော့ ၀ယ်ပေးသင့်သော
ပစ၊တစ်ခုတော့ ဟုတ်သည်။
"ကျောပိုးအိတ်က ဘယ်လောက် ပေးရမလဲ"
"နှစ်ရာကျော် သုံးရာလောက်ရှိတယ်ပြောတယ်"
"အား ...ပါး ....ပါး"
"၀ယ်ပေးလိုက်ပါ အဖေကြီးရယ်။ သားက စာလည်းတော်ပါတယ်"
သြော်.... ဘယ့်နှယ်ပြောပါလိမ့် ၀ယ်ပေးချင်ပါသော်ကော ကိုယ့်သားပဲလေ .... မျက်နှာ
မငယ်စေချင်ပါဘူး။ ဒါပေမဲ့ ခက်တာက ငွေ ...ငွေ.... ငွေရှာတဲ့ဘက်မှာတော့
အဖေအားနည်းလှတယ် သားရယ် ခွင့်လွတ်ပါ။
အင်း တစ်စုံတစ်ခုတော့ ကြံမှ ဖြစ်တော့မည်ထင်သည်။ ခုလို အိမ်ဆိုင်လေးရောင်းရုံ...။
တစ်လတစ်လု မစို့မပို့ ရတတ်သော စုမူခလေးနှင့်တော့ လူဖြစ်မည်မထင်။ ကိုယ်က ဘယ်လောက်ပဲ
ကြိုးစားရေးရေး မဂ၊ဇင်းများက ထည့်ပေးဦးမှ။ ရတဲ့စာမူခကလဲ ရေးဖော် ရေးဖက်များနှင့်ဆုံလို့
မလွှဲသာမရှောင်သာ ကုန်တတ်သည့် "အရည်ဖိုး" ပင် အနိုင်နိုင်။ အချစ် ၀တုရေးပါလား။
သူများတွေလို ကလောင်နာမည် လှလှလေးရွေး ....။ လုံးချင်းထုတ်နိုင်အောင်
ကြိုးစားပါလားဆိုသော စာပေတန်ဖိုး နားမလည်ရှာသည့် မိန်းမစကားကိုပင် ရိုသေရတော့မလိုလို။
ခက်သည်က ကိုယ်ကလည်း အချစ်ဝတု မရေးတတ်။ ရေးလဲ မရေးချင်။ ဒီအရွယ်ကြီးကျမှ အချစ်ဝတု အရေးလေ့ကျင့်ရအောင်ကလည်း
ကြားလို့မှမတော်။ ဘာပဲဖြစ်ဖြစ် ရှဲလေးဘာလေး ရေးရမလား တွေးမိတော့ အတွေးနှင့်ပင်
မိမိကိုယ်ကို မသတီချင်။ ညပိုင်း ဆိုက်ကားလေး ဘာလေးထွက်နင်းရ ......
"သြော် ... အဖေကြီးကို ပြစရာ တစ်ခုရှိတယ်"
"ဘာလဲ"
မဂ၊ဇင်းဟောင်းတစ်အုပ်တွင် ညှပ်ထားသော လက်တစ်ဝါးသာသာခန့် စက၊်ကလေးကို ယူပြရင်း
....
"မနေ့က သားကြီးတို့တတွေ သူ့သူငယ်ချင်းတွေနဲ့ စာစုဖတ်ရင်း တ၀ါးဝါး တဟားဟား
လုပ်နေလို့ လှမ်းဆူတော့ ဇော်မောင်မောင်လင်းက ဟောဒီမှာ အန်တီ့သား ရေးတဲ့
ခွင့်တိုင်စာတဲ့။ အဖေကြီး ဖတ်ကြည့်စမ်းပါဦး"
မညီမညာလက်ရေးနဲ့ ရေးထားတဲ့ သားကြီးရဲ့ ခွင့်တိုင်စာကို ဖတ်ကြည့်လိုက်တော့ ......
သို့
အတန်းပိုင်ဆရာမ မှတဆင့် ကျောင်းအုပ်ဆရာမကြီးထံသို့ .....
ကျွန်တော် ကျွန်မ၏ သားဖြစ်သူ မောင်ကဋေကတာသည် အချစ်သစ်ပင်ပေါ်တက်ွမ်းသစ်သီး ခူးစားရာ
အမုန်းသစ်ကိုင်း ကျိုးကျပါသဖြင့် ခွင့် (၁၅၀၀)ရက် ပေးပါရန် တိုင်ကြားပါသည်။
အဖဦးချစ် ဒေါ်အလွမ်း
နှလုံးသားမြို့တော်၊ သစ၊်း၊ မေတŭရပ်ကွက်၊
မောင်ကဋေကတာ
အောင်မယ်လေး ..... အဖေ့ထက် တကယ်သာမည့် သားကြီး ဖေထက်သာ ပါကလား။
၁၉၉၁ နိုဝင်ဘာ (မြှားနတ်မောင်)
No comments:
Post a Comment