Monday, December 10, 2007

ရှင်းလင်းပြောပြတာ ဆင်ခြေတက်တာတွေကို လူတွေမကြိုက်ကြပါဘူး

ကိုလင်း




ရှေးဆိုရိုးစကားတစ်ခုရှိပါတယ်။ ‘လူ တစ်ယောက်က ဘယ်အချိန်ရှိပြီလဲလို့ မေးလာခဲ့ရင် နာရီကိုဘယ်လိုလုပ်ထားတာ ဆိုပြီး ရှင်းပြနေတာမျိုး မကြိုက်ကြပါဘူး’ တဲ့။ ရှင်းပါတယ်နော်၊ ဟုတ်ပါတယ်၊ အလောတကြီးနဲ့ အကျပ်အတည်းတစ်ခု ကိုဖြေရှင်းဖို့၊ အချိန်သိချင်နေတဲ့သူတစ် ယောက်ကို နာရီတစ်လုံးအကြောင်း ပြောပြဖို့ ကျွန်တော်တို့ ဘယ်နှယောက် လောက် ကြိုးစားဖူးကြပါသလဲ။ ဒီအချက် ဟာ စီးပွားရေးလောကအတွင်း မြန်မြန် ဆန်ဆန်၊ ထိထိရောက်ရောက် လုပ်ကိုင်နေ ကြရချိန်မှာ ရှောင်ကြဉ်ဖို့လိုတဲ့အချက်ပါပဲ။

လုပ်ငန်းခွင်အတွင်းမှာ မလိုအပ်ဘဲ အချိန်ယူပြီး အကြာကြီးရှင်းပြနေတာ လောက် အနှောင့်အယှက်ဖြစ်စေတာမရှိ တော့ပါဘူး။ ဒီလိုအချိန်ကုန်၊ လေကုန် ပြောပြနေတာမျိုးကြောင့် တခြားလုပ်ဖော် ကိုင်ဖက်တွေအနေနဲ့ သည်းမခံနိုင်အောင် ဖြစ်ရပြီး သင့်လုပ်ငန်းခွင်ဘဝတိုးတက်မှု ကိုအနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ သင့်ကို မလေးစားတော့ပဲ ဆက်ဆံရေး ကိုဆိုးဝါးစေပါတယ်။

DRAGNET ဆိုတဲ့ ရုပ်ရှင်ကားကို သင်ကြည့်ဖူး၊ ကြားဖူးကောင်း ကြားမိပါ လိမ့်မယ်။ အဲဒီကားထဲက ဇာတ်ကောင် ရဲတပ်ကြပ်ကြီးJOE FRIDAYတစ်ယောက် လိုချင်တာက သတင်းအချက်အလက် တစ်ခုတည်းပါ။ ရှေ့နေများကောင်စီရဲ့ သက်သေများအကြောင်း သင်တန်းပို့ချ ချက်တွေမှာလည်း နည်းနည်းက ပိုပြီးထိ ရောက်တယ်လို့ဆိုကြပါတယ်။ သက်သေ တစ်ယောက်အနေနဲ့ အဓိကအချက်တွေ ကိုသာ ထုတ်ဖော်ပြောဆိုရင် သူဟာယုံ ကြည်ရသူတစ်ယောက်လို့သတ်မှတ်ခံရပါ လိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ သူ့ရဲ့အဖြေ အကြောင်း အလုံးစုံရှင်းပြနေရင်တော့ သူ့ ထွက်ဆိုချက်တွေကို ဝေဝါးစေပါတယ်။ သာမန်အဖြေတစ်ခုရဲ့ နောက်ဆက်တွဲ ဖော်ပြချက်တွေဟာ ရှုပ်ထွေးခက်ခဲစေပြီး သံသယနဲ့ရင်ဆိုင်ရတတ်ပါတယ်။ ထွက်ဆို ချက်ပါအချက်သာ အဓိကဖြစ်ပြီး နောက် ဆက်တွဲအသေးစိတ်ရှင်းပြချက်တွေဟာ အလဟဿဖြစ်ကုန်ပါတယ်။ စီးပွားရေး လောကမှာလည်း ဒီလိုပါပဲ။ ဒါကြောင့် သင့်အနေနဲ့ တစ်ခုခုအကြောင်း ရှင်းပြ တော့မယ်ဆိုရင်အချက်အလက်သာအဓိက ဖြစ်ကြောင်း သတိပြုပါ။

ဆင်ခြေတွေ၊ အကြောင်းပြချက်တွေ အရှည်ကြီးပေးတာဟာလည်း ထို့အတူ ပါပဲ။ ဒီလိုပြုမူတာဟာ နားထောင်သူ အတွက် အပိုအလုပ်တွေဖြစ်ပြီး ဆွေးနွေး ပွဲမှာ တစ်ပါးသူရဲ့အချိန်နဲ့လူအားကိုဆုံးရှုံး စေပါတယ်။ လိုအပ်တာထက်ပိုပြီးရှည် လျား၊ သွယ်ဝိုက်နေရင် အဓိကအချက်ကို မှေးမှိန်စေပါလိမ့်မယ်။ လိုရာကိုမရောက် ဘဲ လမ်းလွဲသွားနိုင်ပါတယ်။ ဥပမာ- မကောင်းတဲ့ကော်ဖီဖျော်စက်အကြောင်း ပြောပြရာမှာ အဓိကသုံးမရတဲ့အချက်ကို သာ ပြောဆိုသင့်ပြီး ဖြစ်နိုင်မယ့်အကြောင်း ကိုသာပြောပြခြင်းဖြင့် ထိရောက်ပါလိမ့် မယ်။

ရှင်းပြချက်၊ အကျိုးအကြောင်းတွေ ကို ထိထိရောက်ရောက် လိုရင်းတိုရှင်း ပြောခြင်းဟာ အဓိကဆိုလိုချက်ကိုဦးတည် ရာရောက်ပါတယ်။ လူတွေအနေနဲ့ဘာကို လုပ်ရမယ်ဆိုတဲ့အချက်ကိုသာ နားထောင် သဘောပေါက်ချင်ကြတာပါ။ သင့်အနေနဲ့ အသေးစိတ်ရှင်းပြတာဟာ ပိုမိုရှင်းရှင်း လင်းလင်းဖြစ်စေမယ်ထင်ပေမဲ့ ကြာကြာ ပြောလာတာနဲ့အမျှ နားထောင်သူအနေနဲ့ ဘာကိုအဓိကဆိုလိုကြောင်း သိရှိဖို့ခက်ခဲ သွားစေပါတယ်။ သင့်ရဲ့ဆိုလိုချက်ကို မရောက်ဘဲဖြစ်သွားနိုင်ပါတယ်။

မေးခွန်းတစ်ခုကိုဖြေကြားရာမှာ လည်းကောင်း၊ အကျိုးအကြောင်းကိုပြန် လည်တင်ပြရာမှာလည်းကောင်း တစ်ဖက် လူလိုချင်တဲ့အကြောင်းအချက်တွေကိုသာ ပြောပြပါ။ မေးခွန်းထုတ်တော့မယ်ဆိုရင် လည်း ဘာကိုသိချင်လို့မေးတာလဲဆိုပြီး ကြိုတင်တွေးဆပါ။ သင့်ရဲ့မေးခွန်းထဲက သိလိုတဲ့အကြောင်းတချို့ကို သင်ကိုယ် တိုင် ဖြေကြည့်ရပါမယ်။ သင့်စိတ်ထဲမှာ ပြဿနာရဲ့မရှင်းလင်းတဲ့အပိုင်းကိုသိပြီ ဆိုရင် ဘယ်လိုထိရောက်အောင်ရှင်းပြရ မယ်ဆိုတာ တွေးဆနိုင်ပြီး သင့်ရဲ့ဆင်ခြေ ပေးမဲ့အချက်တွေကနေ အကျိုးရှိမယ့် လေ့လာမှုကိုရယူနိုင်ပါတယ်။

အခုဆောင်းပါးမှာ ဘာကိုအဓိက ပြောချင်ပါသလဲ။ ရှင်းလင်းချက်နဲ့ဆင်ခြေ တွေဟာ အရမ်းရှည်သွားရင် သင်ဘာကို ဆိုလိုတယ်ဆိုတာ သဘောမပေါက်နိုင် တော့ဘဲ လမ်းလွဲသွားနိုင်ပါတယ်။ နား ထောင်နေတဲ့သူအနေနဲ့လည်း အာရုံမစိုက် နိုင်ဘဲ ငြီးငွေ့သွားပါလိမ့်မယ်။ တစ်စုံ တစ်ယောက်က သင့်ဆုံးဖြတ်ချက်ကို ဘယ်လိုချမှတ်သလဲလို့မေးလာခဲ့ရင် သင့် အနေနဲ့ဘယ်လိုထောင့်ပေါင်းစုံကစဉ်းစား တယ်၊ လိုအပ်ခဲ့ရင် ဥပမာတစ်ခု၊ နှစ်ခု လောက်ကိုသာ တိုတိုနဲ့ပြောပြပါ။သူ့အနေ နဲ့ သိချင်တာရှိလာရင် ပြန်လည်မေးခွန်း ထုတ်ပါလိမ့်မယ်။ ကျွမ်းကျင်လိမ္မာသူတွေ ဟာ ဆင်ခြေပေးခြင်း၊ ဖြေရှင်းပြခြင်းတို့ကို သိပ်မလုပ်ဘဲ သူဆိုချင်တာကိုသာ ထိထိ ရောက်ရောက် အချိန်တိုအတွင်း ပြောပြ တတ်ကြပါတယ်။

No comments: