၁၉၉၇ခုနှစ်ဝန်းကျင်၌ အွန်လိုင်းလောင်းကစားခြင်းတိုးပွားလာအောင်ပြုလုပ်ရာတွင် အဓိကအခန်း
ကဏ္ဍမှပါဝင်လှုပ်ရှားမှုအား အစိုးရမှစုံစမ်းတွေ့ရှိသည့်အတွက် မိုက္ကရိုဆော့ဖ်၊ ဂူဂဲလ်၊ယာဟူးကုမ္ပဏီတို့သည်
စုစုပေါင်းဒေါ်လာ31.5မီလီယံဒဏ်ငွေပေးဆောင်ရမည်ဟုအမေရိကန်တရားရေးဌာနက ဗုဒ္ဓဟူးနေ့တွင်ကြေ
ညာချက်ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းလောင်းကစားမှုအား အမေရိကန်နိုင်ငံဥပဒေတွင် တရားမ၀င်သတ်မှတ်
ထားသည်။ ထိုကြေညာချက်အရ မိုက္ကရိုဆော့ဖ်ကုမ္ပဏီသည်အမေရိကန်ပြည်ထောင်စုသို့ဒဏ်ကြေးဒေါ်လာ
4.5မီလီယံနှင့် နိုင်ငံတကာကလေးသူငယ်ဌာနသို့ ရန်ပုံငွေဒေါ်လာ7.5မီလီယံထည့်ဝင်မှုအပါအ၀င်စုစုပေါင်း
ဒေါ်လာ21 မီလီယံပေးဆောင်ရမည်ဖြစ်သည်။ ဂူဂဲလ် ကုမ္ပဏီက ဒေါ်လာ 3 မီလီယံနှင့် ယာဟူး ကုမ္ပဏီက
ဒေါ်လာ7.5 မီလီယံပေးဆောင်ရမည်ဟု သိရသည်။
နောက်လတွင် အင်္ဂါဂြိုလ်အားဂြိုလ်သိမ် တစ်ခု ၀င်တိုက်မိဖွယ်ရှိ
အမေရိကန်နိုင်ငံ လေကြောင်းနှင့်အာကာသအုပ်ချုပ်ရေးအဖွဲ့(NASA) ကဂြိုလ်သိမ်တစ်ခုသည်
လမည့်လတွင်ဂြိုလ်နီဟုအမည်တွင်သော အင်္ဂါဂြိုလ်အားတိုက်ရိုက်ဝင်ရောက်ထိမှန်နိုင်သည်ဟု သော
ကြာနေ့ကထုတ်ဖေါ်ပြောကြားသည်။ ဂြိုလ်သိမ်၏လမ်းကြောင်း အတိအကျကို ခန့်မှန်းရန် ခက်ခဲသော်
လည်း ၄င်းသည်လာမည့်ဇန်န၀ါရီ၃၀ရက်နေ့ခန့်တွင်အင်္ဂါဂြိုလ်အားထိမှန်ရာတွင်အကျယ်၁ကီလိုမီတာ
ရှိသော ချိုင့်ကြီးတစ်ခုဖြစ်ပေါ်မည်ဟုပြောဆိုသည်။ ၂၀၀၇WD5ဟုအမည်တွင်သောထိုဂြိုလ်သိမ်သည်
အင်္ဂါဂြိုလ်အား မထိမှန်ဘဲလွဲချော်ခဲ့သည်ရှိသော် နောင်၁၀စုနှစ်အကြာခန့်တွင်၎င်းသည်မြေကမ္ဘာဂြိုလ်
နှင့် တိုက်ခိုက်မိဖွယ်ရှိသည်ဟုဆိုသည်။ အင်္ဂါဂြိုလ်ပေါ်တွင် NASAမှလွှတ်တင်ထားသောမျက်နှာပြင်စူး
စမ်းယာဉ်နှစ်ခုနှင့် ဂြိုလ်ပတ်ယာဉ်တစ်ခုတို့ ရှိနေကြသည်။ အဆိုပါဝင်တိုက်မှုဖြစ်ပါက၄င်းစူးစမ်းယာဉ်
များမှ အဖြစ်အပျက်ကိုသေချာလေ့လာနိုင်သည်ဟု ပြောဆိုသည်။
နေစွမ်းအင်(Solar Power)ကိုဘယ်လိုအသုံးချသလဲ
နေရဲ့ပူနွေးတဲ့ဓာတ်ကိုအခမဲ့ရအပူအဖြစ်အသုံးပြုကြတယ်။အိမ်ခေါင်မိုးပေါ်ကနေရောင်ခြည်ကို
လက်ခံယူတဲ့သတ္တုပြားတွေဟာ နေရောင် ခြည်ကိုဖမ်းယူ လှောင်ထား ကြပါတယ်။ နေရောင်ခြည်က
သတ္တုပြားတွေကို ဖြတ်စီးနေတဲ့ ရေကိုပူနွေးလာစေတယ်။ အဲဒီနည်းနဲ့ နေစွမ်းအင်က လျှော်ဖွပ်ဆေး
ကြောခြင်းနဲ့အပူပေးခြင်းမှာအသုံးပြုနိုင် တဲ့ရေပူတွေကိုထုတ်လုပ်ပေးပါတယ်။
နေစွမ်းအင်ကိုရယူတဲ့သတ္တုပြားတွေမှာ နေရောင်ခြည်တွေကိုဖမ်းယူနိုင်ဖို့အပေါ်လွှာကဖန်သား
နဲ့ပြုလုပ်ထား ပါတယ်။သတ္တုပြားတွေထဲမှာရှိတဲ့ပိုက်တွေထဲမှာရေတွေစီးဆင်းနေကြတယ်။နေရဲ့အပူ
ဓာတ် ရရှိတဲ့အခါမှာနွေးလာကြတယ်။ပြီးတော့သတ္တုပြားတွေကိုပိုပြီးပူသထက်ပူစေဖို့ပြန်ရောက်လာ
ကြပြန်တယ်။အဲဒီနည်းနဲ့နေရဲ့အပူ ဓာတ်ကိုအသုံးပြုပြီးအိမ်တိုင်းမှာ သုံးစွဲနိုင်အောင်ရေပူတွေပြုလုပ်
ပေးပါတယ်။
ကမ္ဘာ့ အဆိုးဆုံးအသံများ
ဗြိတိ်န်နိုင်ငံမှ Salford University မှ အသံဆိုင်ရာပါရဂူများက ကမ္ဘာတစ်ဝန်းရှိအဆုံးဆိုးအသံများ
ကို တစ်နှစ်တာ လေ့လာခဲ့ပါသည်။ ယင်းတွင် ဆန္ဒမဲပေါင်း ၁.၁သန်းကောက်ယူပြီး အဆိုးဆုံး အသံအ
မျိုးနှစ်ဆယ်ကို ဖော်ပြထားပါသည်။
(၁) အော့အန်သောအသံ
(၂) စကားပြောခွက်မှ ဆူညံသံများ
(၃) ငိုကြွေးနေကြသော ကလေးများ၏ အသံများ
(၄) မီးရထားဘီးပွတ်သံ၊ တွဲချိတ်သံ
(၅) Seesaw ဆီးဆောမှ တကျွိကျွိမြည်သံ
(၆) တယောကို မထိုးတတ်ပဲ ထိုးနေသည့်အသံ
(၇) လေလည်သံ
(၈) ကလေးတစ်ယောက် စူးစူးဝါးဝါး အော်ငိုနေသံ
(၉) T.V Soap Opera ခေါ်နေ့ခင်းပိုင်းပြသည့် Melodramatic TV Serial ဇာတ်လမ်းဆန်ဆန်ပြကွက်
မှ အငြင်းအခုန်အသံများ
(၁၀) လျှပ်စစ်မိန်းမီတာခလုတ်များမှ ညည်းထွားသံများ
(၁၁) Tasmamian Devial တက်မေနီးယမ်းအသားစား သားပိုက်ကောင်တစ်မျိုး၏အသံ
(၁၂) ကြောင်များ၏အော်သံ ညည်းထွားသံများ
(၁၃) ချောင်းဆိုးသံ
(၁၄) တယ်လီဖုန်းမြည်သံ
(၁၅) တံခါးမှ တကျွီကျွီပွတ်တိုက်သံ
(၁၆) လက်သည်းနှင့်ကျောက်သင်ပုန်းကြီးကို ခြစ်နေသံ
(၁၇) တရှုံ့ ရှုံ့ အနံ့ခံသံ
(၁၈) ခွေးဟောင်သံ
(၁၉) ကျွတ်ကျွတ်အိတ် မြည်သံ
(၂၀) သွား ဆရာဝန်၏ စက်ခုံမှမြည်သံ တို့ဖြစ်သည်ဟု Family Health ဂျာနယ်တွင်ဖော်ပြထားပါသည်။
ပါကစ္စတန်နိုင်ငံတွင် အသေခံ ဗုံးခွဲမှုကြောင့် လူ၅၄ဦးသေဆုံး
ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက် ဗလီတစ်ခုတွင် သောကြာနေ့ကအသေခံဗုံးခွဲမှု တစ်ရပ်
ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ၅၄ဦးသေဆုံးခဲ့သည်။ အသေခံဗုံးခွဲမှုသည် ပါကစ္စတန်သမ္မတမူရှာရက်ဖ်၏
အကြမ်းဖက်ဝါဒဆန့်ကျင်ရေး မဟာမိတ်တစ်ဦးဖြစ်သူပြည်ထဲရေးဝန်ကြီးပေကင်းAftab Sherpoအား
ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ အသေခံဗုံးခွဲသူသည် ပေါက်ကွဲစေသောပစ္စည်းအ
လေးချိန် ၇ကီလိုဂရမ်ခန့်သယ်ဆောင်၍ Aftab Sherpo နေထိုင်ရာခြံဝင်းရှိ ဗလီတစ်ခု၌ မွတ်စလင်မ်
ဘာသာရေး ပွဲတော်အတွက် ၀တ်ပြု ဆုတောင်းရန် လူအများအပြား စုရုံးရောက်ရှိနေစဉ် အသေခံဗုံး
ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟုယူဆရကြောင်းခရိုင်ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးကပြောကြားသည်။အသေ
ခံဗုံးပေါက်ကွဲမှုတွင် Mr. Sherpo အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်းသိရသည်။ထိုသို့အသေခံဗုံး
ဖောက်ခွဲမှုကြောင့် လူအများအပြားသေဆုံးသဖြင့် သမ္မတမူရှာရက်ဖ်က စစ်သွေးကြွများအား ပြစ်တင်
ရှုတ်ချလိုက်ပြီး ဗုံးဖောက်ခွဲမှုအား နောက်ကွယ်မှ ကြိုးကိုင်စီမံသူများကို ခြေရာကောက် ဖော်ထုတ်ရန်
လုံခြုံရေးနှင့်စုံစမ်းရေး အေဂျင်စီများအား ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
“ဟဂ်ျ” ဘုရားဖူးကာလ အတွင်း တိုက်ခိုက်မှုပြုလုပ်ရန် ကြံစည်သူများကို ဆော်ဒီနိုင်ငံ ဖမ်းဆီး
ဆော်ဒီအာရေးဗီးယားနိုင်ငံ လုံခြုံရေး တပ်ဖွဲ့များသည် အစ္စလာမ်ဘာသာဝင်များ၏ “ဟဂ်ျ” ဘုရား
ဖူးကာလအတွင်းတိုက်ခိုက်မှုများပြုလုပ်ရန်စီစဉ်ထားသောအယ်လ်ကေဒါတပ်ဖွဲ့နှင့်ဆက်စပ်မှုရှိသည့်အကြမ်း
ဖက်အုပ်စုတစ်စုအားဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကသောကြာနေ့တွင်
ထုတ်ဖော်ပြောဆိုသည်။ ဖမ်းဆီးရမိသူအရေအတွက်ကို တိတိကျကျ ပြောကြားခြင်း မရှိသော်လည်း “ဟဂ်ျ”
ဘုရားဖူးကာလအတွင်း လုံခြုံရေးပျက်ပြားအောင် အနှောက်အယှက် ပေးမည့် စစ်သွေးကြွများအား ရေနံပေါ
ကြွယ်ဝသောနိုင်ငံများရှိ မြို့ကြီးအသီးသီးမှဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောကြားသည်။
ယခုရက်သတ္တပတ်အတွင်း ဆော်ဒီအာရေဗီးယားနိုင်ငံအနောက်ဘက်ရှိ အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်
အမြတ်နေရာသို့ ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူး၂.၅ သန်းနီးပါးရောက်ရှိနေသည့်အပြင် အီရန်နိုင်ငံမှ ပထမဆုံးအ
ကြိမ်အဖြစ် သမ္မတအာမတ်ဒီနီဂျက် ဘုရားဖူးပြုလုပ်ရန် ပါဝင်မည်ဖြစ်၍ ဆော်ဒီအာဏာပိုင်များက လုံခြုံရေး
အခြေအနေများကို အမြင့်ဆုံး တပ်လှန့်ထားသည်။ ဆော်ဒီ အာဏာပိုင်များသည် လွန်ခဲ့သည့်လများအတွင်း
အယ်လ်ကေဒါအဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟုသင်္ကာမကင်းခံရသူ စစ်သွေးကြွ၂၀၈ဦးအား ဖမ်းဆီးခဲ့သည်။
(အေအက်ဖ်ပီ)
၂၀၀၈ လန်ဒန် မာရသွန်ချန်ပီယံဘွဲ့ကို ကာကွယ်ရန် မာတင်လဲရည်မှန်းနေ
သစ်ရွက်များက အသက်ဆက်ပေးသောလေသူရဲ
ကင်ညာနိုင်ငံ အီဆီအိုလိုမှ မြို့တော် နိုင်ရိုဘီသို့ နိုဝင်ဘာ ၁၅ ရက်က ပျံသန်းခဲ့သော ရဟတ်ယာဉ်မှ လေသူရဲ ဆော်လမွန် ညန်ဂျူအီသည် ရဟတ် ယာဉ် ဒုတိယအကြိမ်ပျက်ကျ၍ သေဘေးကြုံခဲ့၍ တစ်ပတ်ကျော်ကြာမှ တောကြီးမျက်မည်းအတွင်း၌ သစ်ရွက်များနှင့် ကျင်ငယ် ရည်အား စားသောက်၍ အသက်ရှင်သန်ခဲ့သော်လည်း၊ လေသူရဲသန်ခဲ့သော်လည်း လေသူရဲအလုပ် ကို မစွန့်လွှတ်ဟုသိရှိရသည်။
နှင်းဆောင် တောင် မောင့်ကင်ညာ အနီးပျက်ကျခဲ့သော ရဟတ်ယာဉ်မှာကြီးအားများပြားလှ သော စိုက်ခင်းများက ရဟတ်ယာဉ်၏ အရှိန်အားလျော့စေခဲ့သည
အင်အားများစွာပါသည့် ရှာဖွေရေးအဖွဲ့မှ ရှာဖွေနေစဉ် ကင်ညာတောရိုင်းထိန်းသိမ်းရေးမှ လေယာဉ်မှူး ညန်ဂျူအီမှာ ၈ ရက်ကြာမျှ မိုးသက် မုန်တိုင်း ဒဏ်အား ရဟတ်ယာဉ်ပျက်အောက်နေ၍ မိုးခိုနေခဲ့ရသည်။ ရဟတ် ယာဉ်များပျံသန်းနေသည်ကို မြင်ရငြားလည်း၊ တောထူထပ်သဖြင့် ၄င်း အားမြင်တွေ့ခြင်းမရှိဘဲ တစ်ညတွင် ဆင်အုပ်တစ်အုပ် မှ ပျက်စီးနေသော ရဟတ်ယာဉ်အား လာရောက်ဖျက်ဆီးခဲ့ကြောင်း နှစ်ရက်အကြာတွင် ပြုတ်ကျ နေသော ဘတ္တရီအားတွေ့၍ ၄င်းအားကယ်ဆယ်ရန် လမ်းကြောင်းရှာနိုင်ရေးအတွက် သူငယ်ချင်းဖြစ်သူအား အက်စ်မင်အက်စ် မက်ဆေးခ်ျ ပို့ခဲ့ကြောင်းဖြင့် ၄င်းမှပြောပြခဲ့သည်။
၇ ရက်အကြာတွင် ညန်ဂျူအီသည် စမ်းချောင်းတစ်စင်းထိ တွားသွားခဲ့ပြီး စမ်းရေသောက်ပြီးနောက် ကမ်းပါးတွင် လဲကျခဲ့ရာ၌ လယ်သမား တစ်ဦးမှ နောက်တစ်နေ့တွင် တွေ့ရှိခဲ့ကြောင်းသိရသည်။ ၂၀၀၅ ခုနှစ်ကလည်း ကင်ညာရှိ အာဘာဒါရက်စ်တောင်၌ လုပ်ငန်းဆိုင်ရာ အမှု ဆောင်များ တင်ဆောင်ပျံသန်းစဉ် ရဟတ်ယာဉ်ပျက်ခဲ့ရာ အန္တရာယ် ကင်းစွာဆင်းသက်နိုင်သည်ဟုသိရှ
No comments:
Post a Comment