Saturday, December 8, 2007
တရုတ် Baosteel ကသြစတြေးလျ BHP Billiton ၏လက်ဝါးကြီး အုပ်လိုမှုကို ရပ်ဆိုင်းရန်တောင်းဆို
တရုတ်၏အကြီးဆုံး သံမဏိကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baosteelကုမ္ပဏီကသြစတြေးလျအစိုးရ
အား BHP Billitonကုမ္ပဏီက ပြိုင်ဘက်သတ္ထုတွင်း ကုမ္ပဏီRio Tinto ကို ၀ယ်ယူရန်ကမ်းလှမ်းထားချက်
ကို တားမြစ်ပေးရန် တောင်းဆိုလိုက်သည်။ Rio Tinto ကလည်း ကုမ္ပဏီပူးပေါင်းမှုပြုလုပ်သွားရန် ကမ်း
လှမ်းချက်မှာ ဈေးနည်းသောကြောင့် ငြင်းပယ်ထားပြီးဖြစ်သည်။ သို့သော် ကမ္ဘာ့အကြီးဆုံး BHP Billiton
ကမူသတ္ထုတူးဖော်ရေးကုမ္ပဏီက Rio Tintoကို ၀ယ်ယူရန်ဆက်လက်မျှော်လင့်နေသေးကြောင်း၊ကုမ္ပဏီ
နှစ်ခုပူးပေါင်းရန်မှာ နှစ်ဘက်စလုံးကုမ္ပဏီမှ အစုရှယ်ယာရှင်များ၏ ဆန္ဒဖြစ်ကြောင်းပြောဆိုသည်။ သြစ
တြေးလျအစိုးရမှ BHP၏လုပ်ငန်းတစ်ခုကို လက်ဝါးကြီးအုပ်ရန်ရည်ရွယ်သည့် ဤအပြုအမူအားတားဆီး
သင့်ကြောင်း သို့မဟုတ်ပါကလွတ်လပ်စွာပြိုင်ဆိုင်ခွင့်ကိုပျက်ဆီးစေမည်ဖြစ်ကြောင်း Baosteel မှအကြီး
စားမန်နေဂျာ Fang Xiaodong ကပြောဆိုခဲ့သည်။ (အေအက်ဖ်ပီ)
ဂျပန်နိုင်ငံ Suzuki ကုမ္ပဏီသည် ထိုင်းတွင် မော်တော်ကားစက်ရုံတည်ဆောက်မည်
ဂျပန်ကားထုတ်လုပ်သူ Suzuki မော်တော်ကုမ္ပဏီသည် ထိုင်းနိုင်ငံအလယ်ပိုင်းတွင် မော်တော်
ကားစက်ရုံတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သောကြာနေ့က ထုတ်ပြန်ကြေညာသည်။ ၎င်းစက်ရုံတွင်
ဘတ်ငွေ (၉.၅)ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ သက္ကရာဇ် (၂၀၁၀) မှစပြီး ဓါတ်ငွေ့ထုတ်လွှတ်မှု နည်းသော ကား
အငယ်စားများ ထုတ်လုပ်သွားမည်ဟု ဆိုသည်။ ၀န်ထမ်းအင်အား (၁၂၀၀)ဖြင့်လာမည့်ငါးနှစ်အတွင်းကား
အစီးရေ (၁၀၀၀၀၀) ထုတ်လုပ်မည်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီသောကားထုတ်လုပ်သူများ
အား အစိုးရက အခွန်သက်သာခွင့်ပေးထားသည်။ ဂျပန်ကားကုမ္ပဏီတို့သည်၎င်းတို့၏ပြည်တွင်းဈေးကွက်
အားပျော့သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဈေးကွက်များကိုအထူးအာရုံစိုက်ကြသည်။ Honda နှင့် Toyota မော်
တော်ကုမ္ပဏီများသည်လည်း ၎င်းတို့၏ လုပ်ငန်းများကို ထိုင်းနိုင်ငံတွင် မကြာမီချဲ့ထွင်ဆောင်ရွက်ကြမည်
ဖြစ်သည်။ (အေအက်ဖ်ပီ)
အီရတ်နိုင်ငံတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၁၅ဦးသေဆုံး
အီရတ်နိုင်ငံ Muqdadiyah မြို့တွင်သောကြာနေ့က အသေခံဗုံးခွဲမှုတစ်ရပ်ဖြစ်ပွားခဲ့သည်။ အယ်
ဟောဒါ စစ်သွေးကြွတစ်ဦးကပေါက်ကွဲစေတတ်သောအင်္ကျီဝတ်ဆင်၍အမေရိကန်နိုင်ငံ၏ ကျောထောက်
နောက်ခံ Awakening Council ဌာန၀င်ပေါက်ရှေ့တွင် အသေခံဗုံးခွဲမှုကြောင့်လူ ၁၅ ဦးသေဆုံးပြီး ၂၅ ဦး
ဒဏ်ရာရရှိခဲ့သည်ဟုDiyalaပြည်နယ်မှရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။ အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွား
သည့် Muqdadiyah မြို့သည် ဘဂ္ဂဒက်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်တွင်တည်ရှိသည်။
၂၀၀၃ခုနှစ်တွင်အီရတ်နိုင်ငံသို့အမေရိကန်ဦးဆောင်သောတပ်များကျူးကျော်ဝင်ရောက်ခဲ့ချိန်မှစ၍Diyala
ပြည်နယ်သည် အကြမ်းဖက်မှုနှင့် လက်နက်ကိုင်တော်လှန်မှုဖြစ်ပွားရာနေရာတစ်ခုဖြစ်လာခဲ့သည်။
(ဆင်ဟွာ)
Yahoo တွင်ဒုတိယအရှာဖွေခံရဆုံးမှာ ရှာရာပိုဗာဖြစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment