သုံးညအိပ်ပျက်လျှင် ဆီးချို အန္တရာယ်မြင့်မားနိုင် တနင်္လာနေ့က ထုတ်ပြန်သော လေ့လာမှုတစ်ခုတွင် သုံးညဆက်တိုက် ကောင်းစွာအိပ်စက်ခြင်း ဆေးဖြစ်သည်ဟု ဆိုသည်။ တစ်စိတ်တစ်ပိုင်းအိပ်ပျက်ခြင်း၊အမြဲတစေအိပ်ပျက်ခြင်းတို့သည်ခန္ဓာကိုယ်၏ လူသားတွေဘယ်အချိန်ကတည်းက ကခုန်မှုတွေပြုလုပ်ကြသလဲ |
|
ကခုန်ခြင်း(Dancing) ၏သမိုင်းကြောင်းသည် လူသားမျိုးနွယ်သမိုင်းကြောင်းနည်းတူ ကြာမြင့်ခဲ့ပြီဖြစ် |
ပါကစ္စတန်တွင် ရွေးကောက်ပွဲရက် သတ္တပတ် အနည်းငယ်ရွှေ့ဆိုင်း ထားဖွယ်ရှိ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘာနာဇီယာဘူတို ဗုံးခွဲလုပ်ကြံခံရပြီးနောက် ပိုင်းတွင်ရွေးကောက်ပွဲ
ရုံးခန်းများတွင် မတည်မငြိမ်ဖြစ်မှုများ နောက်ဆက်တွဲဖြစ်ပေါ်လာခဲ့ပြီး ရွေးကောက်ပွဲများကို ရက် သတ္တ
ပတ်အနည်းငယ်ရွှေ့ဆိုင်း ထားဖွယ်ရှိသည်ဟု အစိုးရအရာရှိကြီးတစ်ဦးက အေအက်ဖ်ပီသို့ ဒီဇင်ဘာ ၃၁
ရက်နေ့တွင်ပြောကြားခဲ့သည်။ Sindh နယ်တစ်ခုတည်းတွင်ပင် အနည်းဆုံးရွေးကောက်ပွဲရုံးခန်းလေးဆယ်
ခန့် ဖျက်ဆီးခံခဲ့ရပြီးရွေးကောက်ပွဲလုပ်ငန်းများ လုပ်ကိုင်ရန်အလွန်နှောင့်နှေးနေသည့်အခြေအနေရှိသည်
ဟု ၄င်းကပြောကြားခဲ့သည်။ ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်သည် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အရေး
ပေါ်အစည်းအဝေးကျင်းပပြီးနောက် တိုင်းပြည်တွင်းရှိ မငြိမ်သက်မှုများသည် ရွေးကောက်ပွဲကိုများစွာအ
ဟန့်အတားဖြစ်စေခဲ့သည်ဟု ကြေညာခဲ့သည်။ ရွေးကောက်ပွဲရုံးခန်းများနှင့် မဲဆန္ဒရှင်စာရင်းများမီးရှို့ဖျက်
ဆီးခံခဲ့ရသည်ဟု သိရှိရသည်။
ဒိန်ချဉ်အသောက်ကောင်းခဲ့တာကြောင့် သရဖူပြန်အပ်ရဖို့ ဖြစ်လာတဲ့ပြင်သစ်အလှမယ်
ဘယ်လာရီဘိဂ်ဟာ မကြာသေးမီကမှ ပြင်သစ်နိုင်ငံရဲ့ အလှမယ်ဘွဲ့ကို ဆွတ်ခူးရရှိခဲ့ သူလေးပါ။ အခုတော့ အသက်
(၂၂)နှစ်အရွယ်သာရှိတဲ့ ဒီစီးပွားရေးကျောင်းသူလေးဟာ သူမရရှိထားတဲ့ အလှမယ် သရဖူကိုပြန်လည် စွန့်လွှတ်ရဖို့ ရှိလာ
ခဲ့ပါပြီ။ တစ်ချိန်က ရိုက်ကူးထားတဲ့ဓာတ်ပုံအချို့နဲ့မကြာသေးမီကမှထုတ်ဝေလိုက်တဲ့ မဂ္ဂဇင်းတစ်စောင်မှာလည်းလိင်ဆက်
ဆံမှုကို အားပေးတယ်ဆိုတဲ့ ဒိန်ချဉ်ကြော်ငြာကို သူ့ရဲ့မချိုမချဉ်မျက်နှာပေးနဲ့ ဖော်ပြပါရှိခဲ့တာကြောင်း အလှမယ် ရွေးချယ်
ရေး ကော်မတီဟာ သူမကိုပေးအပ် ချီးမြှင့်ထားတဲ့ သရဖူကို ပြန်လည်အပ်နှံသင့်ပြီလို့အရိပ်အမြွက်ထုတ်ပြောထားပါတယ်။
ဒါပေမယ့် မကြာသေးမီကမှ ပြင်သစ်နိုင်ငံနဲ့ပြန်လည်ပေါင်းစည်းထားတဲ့ သူမရဲ့မွေးရပ်မြေကျွန်းငယ်လေးက ပရိသတ်တွေ
ရဲ့ဆူပူမှုခံရမှာလည်းစိုးရွံ့နေတာကြောင့် ကော်မတီက ဘယ်လာရီအနေနဲ့ဒီအလှမယ်သရဖူဟာသူမနဲ့အမှန်တကယ်ထိုက်
တန်မှုမရှိကြောင်း ကိုယ်တိုင်ဝန်ခံပြီး အပ်နှံသွားဖိုလိုလားနေပါတယ်။ ၂၀၀၄ ခုနှစ်ပြင်သစ်မယ် ဘလက်ဂါဟာလည်း Play
boy မဂ္ဂဇင်းမှာ သရုပ်ဆောင်ခဲ့တောကြောင့် သရဖူပြန်အပ်ခဲ့ရဖူးပါတယ်။
ပီပီပီ ပါတီခေါင်းဆောင်အဖြစ် ဘာနာဇီယာဘူတို၏ သားအားရွေးချယ်
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘာနာဇီယာဘူတို ဗုံးခွဲလုပ်ကြံခံရပြီး နောက် သုံးရက်အကြာ ဒီဇင်ဘာ
၃၀ရက်က ဘာနာဇီယာဘူတို၏ ပါတီဖြစ်သည့် ပြည်သူ့အာဏာပါတီ(ပီပီပီ)ခေါင်းဆောင်အဖြစ် ဘာနာဇီယာ
ဘူတို၏ သားဖြစ်သူ ဘီလာဝယ်အားရွေးချယ်လိုက်သည်။ ပီပီပီပါတီ ထိပ်တန်းခေါင်းဆောင်၂၂ ဦးကအထူး
အစည်းအဝေးပြုလုပ်ကာဘီလာဝယ်အားပါတီခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ခြင်းဖြစ်သည်။ အသက်
၁၉နှစ်အရွယ်ရှိ ဘီလာဝယ်သည်အောက်စ်ဖို့တက္ကသိုလ်မှ ပထမနှစ်သမိုင်းကျောင်းသားတစ်ဦးဖြစ်ပြီးအသက်
၁၉နှစ်သာရှိသေးသည်။ ဘီလာဝယ်အနေဖြင့် ဖခင်ဖြစ်သူနှင့်အတူပီပီပီ၏ပူးတွဲဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်
မည်ဖြစ်သည်။ မိမိသည် ပီပီပီပါတီ၏တာဝန်များကို အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်သွားမည်ဟု ဘီလာ
ဝယ်ဖခင်ဖြစ်သူက သတင်းစာရှင်းလင်းပွဲ၌ပြောကြားသည်။ ထို့အပြင် အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ
နာဝပ်ရှရစ်ဖ်အားရွေးကောက်ပွဲပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ရန်လည်း ဘီလာဝယ် ကတိုက်တွန်း ပြောကြား
လိုက်သည်ဟု ၂၀၀၇ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖေါ်ပြထားပါသည်။
မိုက်ခရိုဝေ့ဗ်မီးဖို(Microwave Oven) တွေရဲ့လုပ်ကိုင် ဆောင်ရွက်ပုံကဘယ်လိုလဲ?
မိုင်ခရိုဝေ့ဗ်မီးဖိုတွေဟာ ဓာတ်ငွေ့ပေါင်းအိုး၊ လျှပ်စစ်ပေါင်းအိုးတွေနဲ့မတူပါဘူး။ မီးတောက်လည်းတောက်မနေ
တတ်ဘူး။ အောက်ခံပြားတွေလည်းနီရဲမနေတတ်ဘူး။ ချက်ပြုတ်ချင်တာကိုသတ္တုဘူးထဲထည့်ပေး၊ ပြီးခလုတ်
နှိပ်ရတယ်။ သတ္တုဘူးထဲကမမြင်ရတဲ့ စွမ်းအင်ရောင်ခြည်တွေထွက်လာတဲ့အခါ အစားအစာတွေကို အမြန်ဆုံး
ချက်ပြုတ်ပေးလိုက်သလိုဖြစ်သွားတယ်။ မိုင်ခရိုဝေ့ဗ်မီးဖိုလို့ခေါ်တာကတော့ မိုင်ခရိုဝေဗ်လို့ခေါ်တဲ့အစားအစာ
ကိုကျက်စေတဲ့ ရောင်ခြည်တွေကိုအစွဲပြုခေါ်တာပါပဲ။ မိုင်ခရိုဝေ့ဗ်တွေက ရေဒီယိုလှိုင်းတွေနဲ့တူပါတယ်။ နေ
ရောင်ခြည်တွေကပူပြင်းစေ သလိုမျိုးပဲအဲဒီရောင်ခြည်တွေကအစားအစာတွေကိုအပူဓာတ်ပေးပါတယ်။
အဘက်ဘက်မှ အောင်မြင်မှုရချင်တယ်ဆိုလာတဲ့ ဆားဘီးယားတင်းနစ်မယ
မကြာသေးမီက ထုတ်ဝေခဲ့တဲ့ US Vogue မဂ္ဂဇင်းမှာဖော်ပြပါရှိလာတဲ့ ဆားဘီးယားတင်းနစ်မယ်လေး အီဗာနိုဗစ်ဟာ
ချယ်ဆီး ပရိတ်သတ်တစ်ဦးပါ။ ဒီကမ္ဘာ့အဆင့်(၄) တင်းနစ်မယ်လေးဟာ လွန်ခဲ့တဲ့စနေနေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစား
သွားခဲ့တဲ့ ချယ်လ်ဆီး - ဝက်စ်ဟမ်းပွဲကို လာရောက် အားပေးခဲ့ပြီး ချယ်လ်ဆီးဘက်က တစ်ခဲနက် အားပေးသွားခဲ့ ပါတယ်။
နောက်ရက်တွေမှာ လန်ဒန်က အမျိုးသားတင်းနစ်စင်တာမှာ လာရောက် လေ့ကျင့်ခန်းဆင်းခဲ့တဲ့ သူမရဲ့အဆိုအရ သူမရှေ့
မှာ မော်ဒယ်လောကရဲ့ဖျားယောင်းသွေးဆောင်မှုကြောင့် ပင်ပန်းခက်ခဲတဲ့ တင်းနစ် အားကစားလောကကို ကျောခိုင်းသွား
ခဲ့ကြတဲ့ နာမည်ကြီးတင်းနစ်မယ် အချို့လို တင်းနစ်လောကကို ခွဲခွာသွားဖို့ မစဉ်းစားဘဲနှစ်ခုစလုံးအပြင်အခြား လူမှုအကျိုး
ပြုလုပ်ငန်းတွေကိုပါ အားတက်သရော လုပ်ဆောင် သွားချင်ပါတယ်လို့ ဆိုပါတယ်။ အခုလည်းသူမဟာ ယူနီဆက်ဖ် အထူး
သံတမန် တစ်ဦးဖြစ်ပါတယ်။
တရုတ် Baidu.com မှ ဘဏ္ဍာရေး အကြီးအကဲ မတော်တဆသေဆုံး
တရုတ်နိုင်ငံ၏ အဓိက အင်တာနက်ရှာဖွေရေးစက်ဖြစ်သော Baidu.com မှဘဏ္ဍာရေးအကြီးအကဲ
Shawn Wang သည် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မတော်တဆ ကွယ်လွန်သွားကြောင်း ယင်း ၀က်ဘ်ဆိုက်
မှ တနင်္ဂနွေနေ့တွင် ကြေငြာခဲ့သည်။ မည်သည့်အကြောင်းကြောင့် Mr.Wangသေဆုံးခဲ့သည်ကိုတစ်စုံတစ်
ယောက်မှ အသေးစိတ် ထုတ်ဖေါ် ပြောကြားခြင်းမရှိပေ။ Mr.Wang သည် Baidu ကုမ္ပဏီအား ၎င်း၏ ဦး
ဆောင်လမ်းညွှန်မှုဖြင့် 2005 ခုနှစ်တွင် Nasdaq စတော့ဈေးကွက်တွင်ပါဝင်လာအောင်စွမ်းဆောင်ပေးနိုင်
ခဲ့သူဖြစ်သည်ဟု ကုမ္ပဏီမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖေါ်ပြထားသည်။ Baidu.com အင်တာနက်
ရှာဖွေရေးအင်ဂျင်အား တရုတ်ဘာသာစကားဖြင့် လွှင့်တင်ထား၍ လူကြိုက်များမှုနှင့် အမြတ်အစွန်းရရှိမှုမြင့်
တက်လာခြင်းကြောင့် Google ရှာဖွေရေးအေဂျင်နှင့် မကြာခဏ ခိုင်းနှိုင်းညွှန်းဆိုလေ့ရှိသည်။
စူးအက်တူးမြောင်း ဖြတ်သန်း အသုံးပြုခတိုးမြှင့်
အီဂျစ်နိုင်ငံရှိ စူးအက်တူးမြောင်းဖြတ်သန်းအသုံးပြုမည့်သင်္ဘောများကို ၂၀၀၈ခုနှစ်တွင် ဖြတ်သန်း
ခပျမ်းမျှ၇.၁ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဟု တူးမြောင်းအာဏာပိုင်အဖွဲ့က တနင်္ဂနွေနေ့တွင်ပြော
ကြားသည်။ ဖြတ်သန်းခအဖြစ် ကုန်တင်သင်္ဘောများအား ၅.၇ %၊ ရေနံတင်သဘောင်္များ ၇.၃%၊ သဘာဝ
ဓါတ်ငွေ့သင်္ဘောများ ၁၀.၅% ၊ ခရီးသည်တင် သဘောင်္များ ၅.၂%၊ ရေတပ်သဘောင်္များ ၁၀% နှင့်အခြား
ရေယာဉ်အမျိုးအစားအားလုံး အပေါ်တွင် ၅% တိုးမြှင့်ကောက်ခံဖြစ်ကြောင်း တူးမြောင်း အာဏာပိုင် အဖွဲ့
အကြီးအကဲ Ahmed Ali Fadel က Ismailiyaမြို့တွင်သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
၁၈၆၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော စူးအက်တူးမြောင်းမှ အခွန်ကောက်ခံရရှိမှုသည် အီဂျစ် နိုင်ငံ၏ခရီး
သွားလုပ်ငန်းနှင့် ပြည်ပရောက် အလုပ်သမား များမှ ပေးဆောင်သော အခွန်ရရှိမှုတို့ပြီးလျှင် ဒေါ်လာ ၄.၆
ဘီလီယံဖြင့် တတိယအခွန် အများဆုံး ရရှိသော အရင်းအမြစ်တစ်ခုဖြစ်သည်။
No comments:
Post a Comment