Friday, January 18, 2008
သတင်းအတိုအထွာများ
ဗြိတိန်ကောင်စီရုံးခန်းများကိုပိတ်ပစ်ရန် ရုရှားညွှန်ကြားချက်ကို ဗြိတိန်ငြင်းပယ်
ကမ္ဘာ့ဈေးအသက်သာဆုံးကားကို အိန္ဒိယထုတ်လုပ်ပြီ
တိုရီနိုနှင့်ပွဲတွင်ရိုမာအတွက် ဂိုး ၂၀၀ မြောက် တော့တီ သွင်းယူ
ရိုမာအသင်းခေါင်းဆောင် တော့တီသည် တိုရီနိုအသင်းနှင့်ကစားခဲ့သော ကိုပါအီတာလျံဖလားပွဲတွင် ရိုမာအတွက် ဂိုး
၂၀၀ မြောက် သွင်းယူ နိုင်ခဲ့ကြောင်း သိရသည်။ တိုရီနိုအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် တော့တီသည် အရန်က
စားသမားအဖြစ်သာပါဝင်ခဲ့ရသော်လည်း ရိုမာအတွက် အနိုင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ရိုမာအသင်းအတွက်ဂိုးပေါင်း ၂၀၀
သွင်းယူနိုင်သည့်စံချိန်ကိုပါ ရရှိခဲ့သည်။
တော့တီက "တိုရီနိုနှင့်ကစားခဲ့တဲ့ပွဲဟာ လွယ်လွယ်ကူကူနဲ့အနိုင်ရခဲ့တာတော့မဟုတ်ပါဘူး။ သူတို့ဟာကျွန်တော်တို့
အသင်းကို ပထမအကျော့ တုန်းက ၃း၁ ဂိုးနဲ့ အနိုင်ယူထားတဲ့အတွက် ခက်ခက်ခဲခဲကစားခဲ့ရတာပါ။ ဒီပွဲမှာရိုမာအသင်းနဲ့
အတူ ၂၀၀ မြောက်ဂိုးကို သွင်းယူ နိုင်ခဲ့တဲ့အတွက် ကျွန်တော့် အိပ်မက်တွေထဲကတစ်ခု အကောင်အထည်ပေါ်လာတာပဲ
ဖြစ်ပါတယ်" ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ကဘူးမြို့ဇိမ်ခံဟိုတယ်တွင် အသေခံတိုက်ခိုက်မှုဖြစ်ပွား လူခုနှစ်ယောက် သေဆုံး
ဗြိတိသျှလေယာဉ်ပြေးလမ်းလွဲချော်
ဗြိတိသျှလေကြောင်းဌာနမှ ခရီးသည်တင် ဘိုးအင်လေယာဉ်တစ်စင်းသည်ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိဟီးသရိုး
လေဆိပ်တွင် ဇန်န၀ါရီ ၁၇ ရက်က အရေးပေါ်ဆင်းသက်ခဲ့သည်။ ခရီးသည် ၁၆၃ ဦးအနက် ၁၃ဦးမှာ အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။ တရုတ်နိုင်ငံပေကျင်းမှ ပျံသန်းလာသော ဘိုးအင်း-၇၇၇ အမျိုးအစား ခရီးသည်တင် လေယာဉ်သည် ဟီးသရိုးလေဆိပ်၌ ပြေးလမ်းပေါ်သို့ မရောက်မီ ဆင်းသက်မိရာမှ လေယာဉ် ၀မ်းဗိုက်ပိုင်း ပျက်စီးသွားခဲ့ပြီးတောင်ပံနှစ်ဖက်စလုံး ဆိုးဆိုးရွာရွား ပျက်စီးခဲ့သည်။ လေယာဉ်မှူးသည် လေယာဉ် ကို အရှိန်ထိန်းချုပ်ကာ ရှပ်ဆင်းခဲ့ပြီး ခရီးသည်များအား အရေးပေါ်ထွက်ပေါက်မှ ဆင်းသက်စေခဲ့သည်။
ဂွါတာနာမိုအကျဉ်းစခန်းကို ပိတ်ပစ်ရန်ထောက်ခံမည်
အရှေ့အလယ်ပိုင်းဒေသတွင် အအေးဓါတ်လွန်ကဲမှုကြောင့် လူ၁၀ဦးသေဆုံး
ရာသီဥတုအပူချိန်အလွန်ပြင်းထန်လေ့ရှိသော အရှေ့အလယ်ပိုင်းဒေသတွင် သာမန်ထက်ထူးထုးခြားခြား
အပူချိန်ကျဆင်း၍ မေးခိုက်တုန်အောင် အအေးဓါတ်လွန်ကဲမှုကြောင့် လူသေဆုံးမှုများနှင့် ကောက်ပဲ သီးနှံပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင်နှင်းများထူထပ်စွာ ကျရောက်ခဲ့သဖြင့်လူ၁၀ဦီး သေဆုံးပြီး ဆီးရီးယားနိုင်ငံတွင် အပူချိန်အနှုတ်၁၆ဒီဂရီ ဆဲလ်စီးယပ်စ်သို့ ကျဆင်းခဲ့ကြောင်းသိရသည်။ ထိုသို့ထူးထူးခြားခြားအပူချိန်ကျဆင်းမှုကြောင့် ဆီးရီးယား၊ ဂျော်ဒန်နှင့် အစ္စရေးနိုင်ငံတို့တွင် ကောက်ပဲသီးနှံ အမြောက်အများပျက်စီးဆုံးရှုံးခဲ့သည်။ အလားတူ ကူဝိတ်နိုင်ငံတွင်လည်း အအေးဓါတ်လွန်ကဲသဖြင့် လာမည့် ရက်အနည်းငယ်အတွင်း 1964ခုနှစ်က တိုင်းတာခဲ့သည့် အပူချိန်အနှုတ်၎ဒီဂရီဆဲလ်စီးယပ်စ်အောက် လျော့ နည်းလာနိုင်ချေရှိကြောင်းမိုးလေ၀သပညာရှင်များကဆိုသည်။ အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလော ဖြစ်ပေါ်နေသော အအေးဓါတ်လွန်ကဲမှုသည် ရာသီဥတုပြောင်းလဲမှုအကျိုးဆက်ဖြစ်ကြောင်း ကျွမ်းကျင်သူများ ကအခိုင်အမာပြောဆိုကြသည်။
အီရန်ဟာ လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ဘုရှ်
တိုက်ချင်းပစ် ဒုံးပျံတစ်စင်း အစ္စရေးနိုင်ငံအောင်မြင်စွာ ပစ်လွှတ်စမ်းသပ်
အီရန်နိုင်ငံ နျူးကလီးယားလက်နက်အစီအစဉ်နှင့် ပတ်သက်၍လွန်ခဲ့သော ရက်အနည်းငယ်က သတိပေး
စကားပြောကြားခဲ့သော အစ္စရေးနိုင်ငံသည် ကြာသပတေးနေ့က တိုက်ချင်းပစ်ဒုံးပျံတစ်စင်း အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်မှထုတ်ပြန်သော သတင်းများအရ သိရသည်။ ထိုသို့ဒုံးပျံအောင်မြင်စွာ ပစ်လွှတ်စမ်းသပ်နိုင်ခဲ့သဖြင့် အစ္စရေးနိုင်ငံအား ခြိမ်းခြောက်လာမည့် အနာဂတ် လေကြောင်း ရန်စွယ်အမျိုးမျိုးမှ ကာကွယ်ဟန့်တား ပေးနိုင်မည့်အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း၊ အစ္စရေး ၀က်ဘ်ဆိုက်ကပြောကြားသည်။ ထို့ပြင်အစ္စရေးနိုင်ငံသည် နျူကလီးယားနှင့် ဓါတု၊ ဇီဝ၊ လက်နက်ထိပ်ဖူးများ တပ်ဆင်၍ ကီလိုမီတာ၄၅၀၀ အကွာအဝေးထိပစ်ခတ်နိုင်သော Jericho-3 မြေပြင်ပစ် ဒုံးပျံစမ်းသပ် ထုတ်လုပ်ရန် စိတ်ကူးနေသည်ဟု ဆိုသည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်ကြောင်း တရာဝင် ထုတ်ဖေါ် ကြေငြာခြင်း မပြုသည့် အစ္စရေးနိုင်ငံတွင် နျူကလီးယားလက်နက်ထိပ်ဖူး၂၀၀ခန့်ရှိသည်ဟုလေ့လာသူများက သုံးသပ်သည်။ အီရန်နိုင်ငံ နျူကလီးယား လက်နက်များရယူ ပိုင်ဆိုင်ခြင်းကိုဟန့်တားရန် နည်းလမ်းမျိုးစုံသုံးရန်အဆင်သင့်ရှိသည် ဟုအစ္စရေးဝန်ကြီးချုပ်ကပြောဆိုသည်။
ပါရှဝါမြို့ရှိ ရှီအိုက်ဗလီတွင် အသေခံဗုံးခွဲ၍ လူ ၈ ဦးသေဆုံး
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ပါရှဝါမြို့တွင် အရူရာမူဆလင်ဘာသာရေးပွဲတော် မစတင်မီ
ရှီအိုက်ဗလီတစ်ခုအတွင်းတွင် ဆယ်ကျော်သက်ရွယ် လူငယ်တစ်ဦး အသေခံ ဗုံးခွဲတိုက်ခိုက်သဖြင့် လူ ၈ဦးသေဆုံး
၍ ၂၀ ဦးဒဏ်ရာရရှိသည်။ ၎င်း ပွဲတော်သည် မူဟာမတ်၏ မြေးတော် သေဆုံးသည်ကို ၀မ်းနည်း ပူဆွေး၍ ကျင်းပ
သော ရှီအိုက်တို့၏ ပွဲတော်ဖြစ်သည်။ ထိုနေ့က အသက် ၁၆နှစ်အရွယ်လူငယ်တစ်ဦးသည်ဗလီ၏ ဂိတ်ဝတွင်ရှိသော
အစောင့်များကို တိုးဝှေ့ဖယ်ရှား၍ ဗလီတွင်းသို့ မောင်းပြန်ရိုင်ဖယ်အား ပစ်ခတ်၍ ၀င်ရောက်သည်။ ဗလီထဲရောက်
သောအခါ ၎င်းကိုယ်တွင်ပါလာသော ဗုံးကို ခွဲဖေါက်လိုက်သည်။ ထိုအချိန်တွင် လူ တစ်ရာခန့် ၀တ်ပြုလျှက်ရှိသည်။
ထို့နောက် ဆန္ဒပြသူများသည် ရင်ဘတ်များကို တီးခတ်၍ အော်ဟစ်ကြွေးကြော်ကြသည်။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment