Saturday, January 12, 2008

သတင်းအတိုအထွာများ


တရုတ်တိုင်ပေတွင် ပါလီမန်ရွေးကောက်ပွဲကျင်းပ

တရုတ်တိုင်ပေ၏ ပါလီမန်ရွေးကောက်ပွဲများကို ယနေ့(စနေ) နံနက် (၈) နာရီမှစတင်ကျင်းပခဲ့သည်။
မဲရုံများကို ညနေ (၄) နာရီတွင် ပိတ်သိမ်းမည်ဖြစ်သည်။ နာရီအနည်းငယ်အကြာတွင် အနိုင်အရှုံးကို ကြေငြာမည်
ဟု သိရှိရသည်။ ရွေးကောက်ပွဲတွင် အဓိကအားဖြင့် ကူမင်တန်(KMT) ပါတီနှင့် ဒီမိုကရက်တစ်ပါတီ (DPP) တို့က
ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရွေးကောက်ပွဲအကြို ဆန္ဒမဲ ကောက်ယူမှုများအရ KMT ပါတီက အနိုင်ရရှိမည်ဟု မျှော်
လင့်နေကြသည်။ ရွေးကောက်ပွဲ ဥပဒေသစ်အရ မဲဆန္ဒရှင်များသည် သတ်မှတ် ထားသော အမတ်ဦးရေ၏ ထက်
ဝက်ကိုသာ ရွေးချယ်ပေးရမည်ဖြစ်သည်။ ယင်းရွေးကောက်ပွဲနှင့်အတူ ဆန္ဒခံယူမှု(၂)ခုကိုပါပြုလုပ်မည်ဖြစ်သည်။
တစ်ခုသည် (၁၉၅၀) ခုနှစ်များက KMT ပါတီမှ အတင်းအကြပ်ရယူထားသော နိုင်ငံပိုင် ပစ္စည်းများကို ပြန်ပေးရန်
နှင့် နောက်တစ်ခုမှာ လာဘ်စားသော နိုင်ငံတော်ဆင့် အရာရှိများအား အရေးယူရေးကိစ္စပင် ဖြစ်ကြသည်။

ရက်နက်ဒ်အား ပေါင် သန်း ၂၀ ဖြင့် နယူးကာဆယ်တို့ ကမ်းလှမ်းဖွယ်ရှိ

ပို့စ်မောက်နည်းပြ ဟယ်ရီရက်နက်ဒ်အား နယူးကာဆယ်အသင်းက ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရ
သည်။ နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေက ရက်နက်ဒ်အားတစ်နှစ်ပေါင် ၅ သန်းဖြင့် ၄ နှစ်စာချုပ် ချုပ်ဆိုဖွယ်
ရှိသည်။ ထို့ကြောင့် ရက်နက်ဒ်နှင့် နယူးကာဆယ် တာဝန်ရှိသူတို့လန်ဒန်တွင်ယနေ့တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်းသတင်း
များကဖော်ပြသည်။ ထို့ပြင် ရက်နက်ဒ်သည် နယူးကာဆယ်အသင်း၏ ကမ်းလှမ်းမှုကို မခံရစဉ် နယူးကာဆယ်အသင်းအား
ကိုင်တွယ်ရန် စိတ်ဝင်စားကြောင်း သူ၏ မိတ်ဆွေများအားပြောကြားခဲ့ဖူးသည်။ အသက် ၆၀ အရွယ်ရှိ ရက်နက်ဒ်သည် ပို့စ်
မောက်အသင်းနှင့် အောက်တိုဘာလက လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုထားပြီး သူ၏အပြောင်းအရွှေ့နှင့်ပတ်
သက်၍ တရားဝင်ကမ်းလှမ်းမှု မရှိသေးကြောင်း ပို့စ်မောက်အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။



မြောက်ကိုရီးယားနှင့် ပတ်သက်ပြီးစိတ်ရှည်ကြရန် အမေရိကန် သံတမန်ပြောကြား

သတ်မှတ်အချိန်အတွင်း မြောက်ကိုရီးယားနျူးကလီးယား ဖျက်သိမ်းမှုကိုမဆောင်ရွက်နိုင်ခြင်းအတွက် သည်းခံစိတ်ထားပြီးမ ဆုတ်မနစ်ဆက်လက်ကြိုးစားသွားကြရန် မေရိကန်သံတမန် ခရစ်တိုဖာဟေးလ် က ပြောကြားလိုက်သည်။ မြောက်ကိုရီးယား က၎င်းင်း၏နျူးကလီးယား အစီအစဉ်သည် နိုင်ငံစုံလက်နက်ဖျက်သိမ်းရေးသဘော တူညီချက်အရလိုအပ်မှုဖြစ်သည်ဟုရှင်း လင်းပြောဆိုခဲ့သော်လည်းအမေရိကန် ပြည်ထောင်စုကပယ်ချခဲ့ပြီးပြုံယမ်းကိုကြေ ညာချက်ထုတ်ပြန်ပေးရန်ဖိအားပေးခဲ့သည်။ ခရစ်တိုဖာဟေးဟ်က“သူ့တို့ဟာပြည့်စုံမှုမရှိ၊ မှန်ကန်မှုမရှိတဲ့ကြေညာချက်တစ်ခုကို ထုတ်ပြန်ဖို့ပြင်ဆင်ခဲ့ပါတယ်။ နောက်ကျ ပေမဲ့ပိုပြီးပြည့်စုံတဲ့ကြေညာချက်ထုတ်ပြန် ကာသူတို့အတွက်ပိုကောင်းမယ်လို့ကျွန် တော်တို့ခံစားရပါတယ်” ဟုသတင်း ထောက်များကို ပြောကြားခဲ့သည်။ အမေရိကန်ထိပ်တန်းသံတမန် ခရစ်တိုဖာဟေးဟ် သည်မြောက်ကိုရီးယားနျူကလီးယားဆွေး နွေးပွဲများကိုဦးဆောင်ခဲ့သူဖြစ်သည်။ ခရစ် တိုဖာဟေးဟ်က ဆက်လက်ပြောကြားရာ တွင်“ဒါဟာခက်ခဲတဲ့လုပ်ငန်းစဉ်ဖြစ်တယ် ဆိုတာကျွန်တော်တို့သဘောပေါက်ပါတယ်။ အချိန်မီပြီးတယ်ဆိုတာလည်း ရှားပါးလှပါတယ်။ ကျွန်တော်ဆို့သည်းခံစိတ်ထားပြီး မဆုတ်မနစ်လုပ်ကြရပါတယ်” ဟုသတင်းထောက်များကိုဆက်လက်ပြောကြားခဲ့ သည်။


အမေရိကန် အပါအ၀င်နိုင်ငံအများစုက မြောက်ကိုရီးယားသည်၆နိုင်ငံဆွေးနွေးပွဲ တွင်ရရှိခဲ့သော နျူကလီးယားအစီအစဉ်ကို သတ်မှတ်သောဒီဇင်ဘာ၃၁ရက်နေ့တွင် ဖျက်သိမ်းပေးရန်ပျက်ကွက်ခဲ့သည်ဟုပြော ကြားခဲ့သည်။ ခြောက်နိုင်ငံဆွေးနွေးပွဲတွင် မြောက်ကိုရီးယားကနိုင်ငံတကာအကူအညီနှင့်သံတမန်ရေးရာ ၀န်ဆံ့မှုများပိုမိုရရှိ စေရန်အတွက်နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရန်သဘောတူညီခဲ့သည်။ တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက လည်းကျွန်တော်တို့ သိသလောက်မြောက် ကိုရီးယားနဲ့အမေရိကန်ကြားမှာနျူကလီး ယားကြေညာချက်နဲ့ပတ်သက်တဲ့ဆွေးနွေး တိုင်ပင်မှုတွေရှိရပါမယ်။ အခုတော့ မြောက်ကိုရီးယားက စာရင်းကိုမတင်ပြသေးဘူး”” ဟုပြောကြားခဲ့သည်။ မြောက်ကိုရီးယား သည်ဆိုဗီယက်ခေတ်ကနျူကလီးယားဓါတ် ပေါင်းဖိုအပါအ၀င်ယန်ဗြန်နျူကလီးယား အဆောက်အဦများကိုအသုံးမပြုနိုင်အောင် လုပ်ဆောင်နေခဲ့သည်။

ထိုအခြေအနေကိုရည်ရွယ်၍ခရစ်တို ဖာဟေးဟ်ကမပြည့်စုံသောကြေညာချက် ထုတ်ပြန်ပေးမည့်အစားနောက်ကျသည်က ပိုဖြစ်နိုင်သေးတယ်ဟုဆိုခဲ့ခြင်းဖြစ်သည်။




တစ်ယောက်တစ်နေရာကွဲကွာခဲ့သည့် အမြွာနှစ်ဦး လက်ထပ်ပြီးမှမောင်နှမဖြစ်ကြောင်းသိရှိ

သီးခြားမိသားစုဝင်များ၏ မွေးစားခြင်းခံရသော အမြွာနှစ်ဦးသည် မောင်နှမအရင်းအချာဖြစ်နေသည်ကို
မသိရှိဘဲအိမ်ထောင်ပြုခဲ့ပြီးနောက် သွေးသားတော်စပ်မှု မှန်ကန်ကြောင်း ဗြိတိန်ဇနီးမောင်နှံသမဂ္ဂမှဖော်ထုတ် တွေ့
ရှိခဲ့ကြောင်း၊ လက်ထပ်ထိမ်းမြားခြင်းအား တရားရုံးမှပယ်ဖျက်ခဲ့သည်။ တရားသူကြီး၏ ဆုံးဖြတ်ချက်ကိုကြားနာခဲ့
သည့် အမြွာနှစ်ဦးက တစ်ဦး ပေါ်တစ်ဦး အလွယ်တကူ ဖြတ်တောက်မရနိုင်သော သံယောဇဉ် တွယ်တာ မိသဖြင့်
ကြေကွဲခံစားရကြောင်း၊ ပြောဆိုခဲ့သည်။ ထို့ကြောင့် ကလေးမွေးစားမှုတွင် မိဘများနှင့်ပတ်သက်သော အထ္ထုပ္ပတ္တိ
များ ရှာဖွေရန်မည်မျှအရေးကြီးကြောင်း ယင်း အဖြစ်အပျက်က သက်သေပြ ခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦး ကဆို
သည်။ ၄င်းအမွှာနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စတင်တွေ့ရှိချိန်မှစ၍ ဘ၀အစိတ်အပိုင်း အသေးစိတ်အချက်အလက်
များကို လျှို့ဝှက်ထိန်းသိမ်းထားသဖြင့် အိမ်ထောင်ကျပြီးသည့်တိုင်အောင် သွေးသားရင်းများ တော်စပ်ကြောင်းမသိ
ရှိခဲ့ပေ။ သို့သော်မည်သူတစ်ဦးတစ်ယောက်မျှ မိမိဘ၀အစစ်အမှန်ကို ဖုံးကွယ်၍မရဘဲ၊အမှန်တရားသည်အနှေးနှင့်
အမြန်ထွက်ပေါ်မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် သွေးသေားတော်စပ်သူချင်း လက်ထပ်ခြင်းကို ပြင်းပြင်း ထန်ထန်
တားမြစ်ထားသည်။



ဗီတာမင်ဒီ နည်းပါးခြင်းနှင့်နှလုံးရောဂါဆက်စပ်မှုရှိ

ှိဗီတာမင်ဒီ အလွန်အမင်းနည်းပါး ခြင်းနှင့်နှလုံးရောဂါဖြစ်ပွားမှုနှုန်းမြင့်မား မှုများဆက်စပ်မှုရှိသည်ဟု အမေရိကန်လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ ဟား ဗတ်ဆေးတက္ကသိုလ်မှ သုတေသနအဖွဲ့က သွေးပေါင်ချိန်မြင့်မားသောသူများတွင် နှလုံးရောဂါဖြစ်ပွားရန် အန္တရာယ်အလွန်အမင်းရှိသည်ဟု သွေးလှည့်ပတ်နှုန်းဂျာ နယ်တွင် ဖော်ပြထားသည်။ ဗီတာမင် ဒီ လျော့နည်းခြင်းကိုပြန်လည်တည့်မတ်နိုင် ပါက အကျိုးများစွာဖြစ်ထွန်းလိမ့်မည်ဟု တစ်ဆက်တည်းရေးသားထားသည်။ သို့ သော် ဗြိတိန်နှလုံးရောဂါအသင်းကြီးက ဗီ တာမင် ဒီ ကနှလုံးအပေါ်မည်သို့မည်ပုံ သက်ရောက်မှုရှိသည်ကိုရှင်းပြနိုင်မည့်သတင်းအချက်အလက်များစွာ လိုအပ်နေဆဲ ဖြစ်သည်ဟုတုံ့ပြန်ပြောကြားခဲ့သည်။ ဗီ တာမင်ဒီ ကိုနေရောင်ခြည်ကိုတိုက်ရိုက် ထိတွေ့ခြင်းမှလည်းရရှိနိုင်ပြီး ငါးအဆီနှင့် ဥများမှလည်းရရှိနိုင်သည်။ သက်ကြီးရွယ် အိုများနှင့်ကိုယ်ဝန်ဆောင်များသည်အ၀တ်အထည်အထူများဝတ်ဆင်လေ့ရှိသဖြင့် ဗီ တာမင် ဒီ အလုံအလောက်မရရှိမည်ကို စိုးရိမ်မှုများလည်းရှိနေကြသည်။ ဟားဗတ် ဆေးတက္ကသိုလ်မှ ဒေါက်တာဝန်သည် ၁၉၉၆ ခုနှစ်မှစ၍အသက် ၅၉ အထက် လူ ၁၇၀၀ တို့၏ဗီတာမင်ပမာဏကိုတိုင်း တာခဲ့သည်။ သွေးထဲတွင်ဗီတာမင် ဒီ ပါ ၀င်မှု ၁၅ ng/ml အောက်နည်းပါးသူများ တွင် နှလုံးရောဂါဖြစ်ပွားမှုနှစ်ဆပိုများပြား သည်ကိုတွေ့ရှိခဲ့ရသည်။ သုတေသီများက ဗီတာမင်ဒီ ကိုအာရုံခံနိုင်သောနာဗ်ကြော လေးများကိုနှလုံးကြက်သားများနှင့်သွေး ကြောနံရံများတွင်တွေ့ရှိရသောကြောင့် ဗီတာမင် ဒီ နှင့်နှလုံးရောဂါတို့ဆက်စပ်မှု ရှိနိုင်ဖွယ်ရှိသည်ဟုသုံးသပ်ထားသည်။ လေ့လာရေးအဖွဲ့ခေါင်းဆောင်ဒေါက်တာ ဝေါင်းက “ဗီတာမင်ဒီကိုပြန်ဖြည့်တင်း လိုက်ရင်နှလုံးရောဂါဖြစ်ပွားနှုန်းကိုလျှော့ ချနိုင်သလားဆိုတာနောက်ထပ်စမ်းသပ်မှု တွေလုပ်ဖို့လိုအပ်ပါသေးတယ်” ဟုပြော ကြားခဲ့သည်။ တခြားဗီတာမင်ဓာတ်များ ကနှလုံးရောဂါဖြစ်ပွားရာတွင်သက်ရောက် မှုရှိကြောင်းသိနိုင်ရန် ပြုလုပ်ခဲ့သောတခြား သုတေသနများမှာမျှော်လင့်ထားသော ရလဒ်များမထွက်လာခဲ့သော အတိတ်သမိုင်းကြောင်းများရှိခဲ့ဖူးသည်။

အင်တာပိုအကြီးအကဲ လာဘ်စားမှုဖြင့် တရားစွဲခံရ

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(Interpol) ၏ အကြီးအကဲဖြစ်သူ တောင်အာဖရိကနိုင်ငံမှ ရဲအရာရှိချုပ်
ဂျက်ကီဆလဗီအား လာဘ်စားမှုဖြင့် တရားစွဲဆိုခဲ့သည်။ ထို့အပြင် ၂၀၀၅ ခုနှစ်က သတ္တုတွင်းသူဌေး မစ္စတာ
ကတ်ဗယ်အား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သည်ဟုလည်း စွဲချက်တင်ထားသည်။ ၎င်းသည်လွန်ခဲ့သော
ငါးနှစ်တာကာလအတွင်း မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူ အဂလီရော့တီထံမှ အနည်းဆုံး ဒေါ်လာ တစ်
သိန်း ခုနှစ်သောင်း လက်ခံယူခဲ့သည်ဟု စွဲချက်တင်ဖေါ်ပြထားသည်။ အလီရော့ကီသည်မူးယစ်ဆေးဝါးမှုဖြင့်
ဆိုင်းငံ့ထောင် ဆယ်နှစ်ကျခံရန် အမိန့်ချခံထားရခြင်းဖြစ်သည်။ အလီရော့တီက သူသည် မှားယွင်း စွာပြုမူခဲ့
ခြင်းမရှိသဖြင့် စွဲချက်မတင်ရန် လျှောက်ထားခဲ့သည်။ သို့သော်လည်းသက်သေအထောက်အထားများရှိနေ၍
တရားစွဲဆိုခြင်းမပြုပါက နိုင်ငံ၏ တရားရေးစနစ်တွင် မျက်နှာပျက်မှုများကြုံရမည်ဖြစ်သည်ဟုတရားစွဲဆိုရေး
အဖွဲ့မှ ပြောဆိုသည်။ မစ္စတာဆလဗီသည် သမ္မတ အမ်ဘီကီနှင့် အလွန်ရင်းနှီးသူဖြစ်သည်။



ဆူဟာတိုကျန်းမာရေးအခြေအနေ ပြန်လည်ဆိုးဝါးလာ

အင်ဒိုနီးရှားရှိဆရာဝန်များက သမ္မတ ဟောင်းဆူဟာတို၏ ကျန်းမာရေးအခြေအနေပြန်လည်ဆိုးဝါးလာနေသည်ဟု ပြောကြားခဲ့ကြသည်။ ခန္ဓာကိုယ်အတွင်းသွေး စိမ့်ယိုမှုနှင့် အဆုတ်ထဲတွင်အရည်များပြန် လည်ဖွဲ့တည်လာသည့်လက္ခဏာများကို ဆူဟာတိုခံစားနေသည်။ အသက် ၈၆ နှစ် အရွယ်ရှိပြီးဖြစ်သောဘူဟာကိုသည် မကြာသေးခင်နှစ်များ အတွင်းဆေးရုံတက်လိုက်၊ ဆင်းလိုက်ဖြစ်သာ အသက်ဆက်နေရရှာသည်။ ဆရာဝန်များက ဆူဟာ တိုသည်နှလုံးနှင့်ကျောက်ကပ်မကောင်း သောကြောင့်ဖြစ်ပွားသောသွေးအားနည်း ရောဂါနှင့်သွေးဖိအားနည်းရောဂါများကို ခံစားနေကြရသည်။ ဆူဟာတိုကို ဇန်န၀ါ ရီလ ၄ ရက်နေ့ကဆေးရုံသို့ကျောက်ကပ် ဆေးရန်ပို့ခဲ့ကြသည်။ ကုသခဲ့ပြီးဆူဟာတို ကျန်းမာရေးအခြေအနေအနည်းငယ်တိုး တက်လာသည်ကိုတွေ့ခဲ့ရသဖြင့်ဆရာဝန် များကအားတက်ခဲ့ရသည်။ သို့သော် ယခု တဖန်ဆူဟာတိုအခြေအနေပြန်လည်ဆိုး ၀ါးလာကြောင်းသမားတော်ချုပ်က အ တည်ပြုပြောကြားခဲ့သည်။ ဆရာဝန်ကြီး က ““မနေ့ကထက်အခြေအနေပိုဆိုးဝါး လာပါတယ်။ သူကိုအထူးကြပ်မတ်ကုသ ဆောင်မှာထားရဦးမှာပါ။ ဒါမှသူ့ကိုအနီး ကပ်ကုသလို့ရမှာဖြစ်ပါတယ်”” ဟုပြော ကြားခဲ့သည်။ ထို့အပြင်သူ့အဆုတ်ထဲမှာ အရည်တွေဖြစ်နေပါတယ်။ သူ့ဆီးနဲ့ဝမ်းထဲ မှာသွေးစတွေတွေ့ရတဲ့အတွက်အတွင်းသွေး ယိုမှုဖြစ်နေတယ်လို့ခန့်မှန်းနိုင်ပါတယ်”” ဟုပြောကြားခဲ့သည်။ ဆရာဝန်များက ဆူဟာတိုသည် ဒုတိယအကြိမ်နှလုံးခုံစက် တပ်ဆင်ရန်ခွဲစိတ်ကုသမှုခံယူရန်လိုအပ် သည်ဟုပြောကြားခဲ့သည်။ သို့သော် ခွဲ စိတ်ကုသမှုခံယူရန်လုံလောက်သောကျန်း မာရေးအခြေအနေဆူဟာတိုတွင်မရှိသဖြင့် ဆရာဝန်များအခက်ကြုံနေကြရသည်။


ဘဂ္ဂဒက်မြို့တော်တွင် မကြုံစဖူး နှင်းခဲကျရောက်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်တွင် မကြုံစဖူး ထူးထူးကဲကဲ နှင်းခဲများ ကျရောက်ခဲ့ပြီး အများစုမှာ
မြေပြင်နှင့် ထိတွေ့စဉ်မှာပင် အရည်ပျော်သွားခဲ့သည်။ ထိုသို့ နှင်းခဲကျရောက်ခြင်းကို ဘဂ္ဂဒက်မြို့သူ၊ မြို့သား
များက လမ်းမများပေါ်သို့ ထွက်ရောက်ကြည့်ရှုခဲ့ကြသည်။အီရတ်နိုင်ငံတွင်အများအားဖြင့်တောင်တန်းထူထပ်
သော ကာ့ဒစ်ရှ် မြောက်ပိုင်းဒေသတွင်သာ နှင်းခဲများ ကျရောက်လေ့ရှိပြီး၊ဘဂ္ဂဒက်မြို့တွင်နှင်းမှုန်များသာမြင်
တွေ့ရလေ့ရှိသည်။ ထိုသို့ နှင်းခဲများကျရောက်ခဲ့သောကြောင့်၊ အသွင်သစ်ဖြင့် အမြင်ဆန်းလှပနေသော ဘဂ္ဂ
ဒက်မြို့ ရှုခင်းအား ပထမဆုံးအကြိမ်မြင်တွေ့ရသဖြင့်မြို့သူ၊မြို့သားများကရွှင်လန်းဝမ်းမြောက်နေကြသည်။
ဘဂ္ဂဒက်မြို့တော်တွင် ၁၉၄၀ ပြည့်လွန်နှစ်များစောစောပိုင်းကအလားတူနှင်းခဲကျရောက်မှုဖြစ်ပေါ်ခဲ့ကြောင်း
အသက် ၆၃ နှစ်အရွယ် အငြိမ်းစား ပုဂ္ဂိုလ်တစ်ဦးက အေပီသတင်းဌါနသို့ ပြောကြားသည်။

No comments: