စီရော်နယ်ဒိုကို ပေါင် ၄၅ သန်းပေးတဲ့ ရီးရဲလ်
မန်ယူတောင်ပံကစားသမား စီရော်နယ်ဒိုအား ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်လျှက်
ရှိကြောင်း သိရသည်။ ရီးရဲလ်အသင်းသည် စီရော်နယ်ဒိုနှင့်မန်ယူတို့စာချုပ်သက်တမ်းမတိုးမီကတစ်ခါခေါ်ယူရန်ကမ်းလှမ်း
ခဲ့ဖူးသည်။ ရီးရဲလ်ဥက္ကဋ္ဌ ကယ်လ်ဒါရွန်က "စီရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးထဲက တစ်ယောက်ဖြစ်တာကြောင့် သူ့ကို
ကျွန်တော်တို့ ခေါ်ယူဖို့ စိတ်ဝင်စားပါတယ်" ဟု ပြောကြားခဲ့သည်။
ယခုအခါ ရော်နယ်ဒိုသည် တစ်ပတ်လုပ်ခေ ပါင် ၁ သိန်း ၂ သောင်းဖြင့် မန်ယူအသင်းတွင် လစာအများဆုံးဘောလုံးသ
မားဖြစ်လာပြီး အသင်းနှင့် ၅ နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။ ရော်နယ်ဒိုက "စပိန်ရဲ့ လာလီဂါပြိုင်
ပွဲဟာ လှပပြီးစွဲဆောင်မှုရှိတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် တစ်နေ့နေ့မှာ စပိန်မှာ ကစားခွင့် ရချင်ပါတယ်။ စပိန်မှာ သွားရောက်က
စားပြီး စပိန်နဲ့ အင်္ဂလန်တို့ရဲ့ ကစားပုံ ကွာခြားချက်တွေကို လေ့လာချင်ပါသေးတယ်" ဟု ကမ္ဘာ့အကောင်းဆုံးဘောလုံးသ
မားဆု ချီးမြှင့်သည့် အခမ်းအနားတွင် Mirror သတင်းစာသို့ ပြောသွားခဲ့ဖူးသည်။
ရီးရဲလ်အသင်းသည် အေစီမီလန်ကစားသမား ကာကာအား နံပါတ် ၁ ခေါ်ယူမည့် ကစားသမားအဖြစ်သတ်မှတ်ထားပြီး
စီရော်နယ်ဒို အတွက်လည်း ပြောင်းရွှေ့ကြေးအား လိုအပ်လျှင်တိုးမြှင့်ပြီး ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရသည်။
ရေနံတစ်စည်၊ ဒေါ်လာ (၁၀၀)သို့ ပထမဆုံးအကြိမ်ရောက်ရှိ
လောင်စာဆီဈေးနှုန်းသမိုင်းတလျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့က တစ်စည်လျှင်
ဒေါ်လာ (၁၀၀) ဈေးသို့ ရောက်ရှိသွားသည်။ အမေရိကန်နိုင်ငံအပါအ၀င် လောင်စာတင်သွင်းမှုအပေါ်မှီခိုနေရ
သော စီးပွားရေး နိုင်ငံများအားလုံးအတွက် ကြီးမားသော ထိခိုက်မှုဖြစ်သည်။လန်ဒန်မြို့ဈေးကွက်တွင်မြောက်
ပင်လယ်ရေနံစိမ်းသည် တစ်စည်လျှင် (၉၇.၀၅) ဒေါ်လာဈေးပေါက်သည်။ ရေနံထုတ်နိုင်ငံ နိုက်ဂျီးရီးယားတွင်
ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်ခြင်း၊ ပါကစ္စတန်၏ မငြိမ်သက်မှုအပေါ် စိုးရိမ်ပူပန်ခြင်း၊ ဆောင်းရာသီအတွက်
အရံရေနံလက်ကျန် နည်းပါးခြင်းတို့ကြောင့် လောင်စာဆီဈေးသည် ထူးကဲသောဈေးနှုန်းသို့တက်သွားခြင်းဖြစ်
သည်။ နိုက်ဂျီးရီးယာနိုင်ငံတွင် စစ်သွေးကြွများ၏ ထကြွ သောင်းကျန်းမှုကြောင့် ရေနံ ထုတ်လုပ်မှု ငါးပုံတစ်ပုံ
ခန့် ကျဆင်းခဲ့သည်။ အမေရိကန် နိုင်ငံတွင်လည်း ဆောင်း ရာသီအတွက် ရေနံ သိုလှောင်ထားရှိမှုသည် ရက်
သတ္တ၊ (၇) ပတ်ဆက်၍ ကျဆင်းလျှက်ရှိသည်။
ရွှေဈေး လွန်ခဲ့သော (၂၈) နှစ်စံချိန်ကို ကျော်လွန်
ပါကစ္စတန်နိုင်ငံတွင် ဖြစ်ပွားသော မငြိမ်မသက်မှုများ အမေရိကန်ဒေါ်လာ၏မရေမရာ ဈေးကျမှုများ
လောင်စာဆီဈေးနှုန်းများ အဆမတန်တက်ခြင်းတို့က နိုင်ငံတကာ ရွှေဈေးကို လွန်ခဲ့သော (၂၈) နှစ်ကျော်က
စံချိန်တင်ရောက်ရှိခဲ့သော ဈေးနှုန်းထက်ပို၍ ဗုဒ္ဓဟူးနေ့က အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။ ၁၉၈၀ ခုနှစ်ဇန်န၀ါ
ရီ (၂၁) ရက်နေ့တွင် ရွှေတစ်အောင်စ ဈေးနှုန်းသည် ( ၈၅၀) ဒေါ်လာဖြစ်ခဲ့သဖြင့် တစ်ကမ္ဘာလုံး အံ့သြထိတ်
လန့်ခဲ့ရသည်။ဗုဒ္ဓဟူးနေ့ကမူထိုစံချိန်ကိုကျော်၍(၈၅၉)ဒေါ်လာဈေးပေါက်ခဲ့သည်။နောက်ပိုင်းတွင်(၈၅၅.၂၈)
ဒေါ်လာသို့ ပြန်လည်ကျဆင်းသွားသည်။ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေများသည်ငွေကြေးဈေးကွက်များအပေါ်စိုးရိမ်
ပူပန်မှုများရှိ၍ ရွှေတုံးရောင်းဝယ်ရေး နယ်ပယ်သို့ လှိမ့်ဝင် လာနိုင်သည်ဟု ရွှေတုံးကုန်သည် ဂျွန်နက်လာက
ပြောဆိုသည်။ ခေတ်အဆက်ဆက်တွင် စီးပွားရေးနယ်ပယ်တွင် ပြဿနာဖြစ်တိုင်း ရွှေကိုဘေးကင်းလုံခြုံရာ
ဒေသအဖြစ် ယူဆ၍ ၀ယ်ယူစုစောင်းလေ့ရှိကြသည်။ဒေါ်လာဈေးကျဆင်းသဖြင့်ဒေါ်လာနှင့်တန်ဖိုးသင့်ထား
သော ပစ္စည်းများ ၀ယ်လိုအား ကောင်းနေသည်။ ထို့ကြောင့် အားကောင်းသော ငွေကြေးများဖြင့် ရွှေကိုဝယ်
ယူသောအခါ ဈေးသက်သာသည်ကို တွေ့ရသည်။ လောင်စာဆီဈေးတက်မှုကြောင့် နိုင်ငံအများအပြားတွင်
အထွေထွေထွေ ဈေးနှုန်းဖေါင်းပွဲမှုများ ဖြစ်ပေါ်လျှက်ရှိရာ ရွှေသည် ၎င်းဖေါင်းပွမှုမှအကာအကွယ်တစ်ခုဖြစ်
သည်ဟု ဆိုသည်။
စတုတ္ထမျိုးဆက် မိုဘိုင်းဘရော့ဒ်ဘန်းများပေါ်ထွက်လာတော့မည်
အမေရိကန် သံတမန် အသတ်ခံရမှု စုံစမ်းစစ်ဆေးရန် ဆူဒန်နိုင်ငံသို့ FBI အဖွဲ့စေလွှတ်
ဆူဒန်နိုင်ငံ ခါတွန်မြို့တွင် အမေရိကန်သံရုံးကားတစ်စီးအား သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံ
ရသဖြင့် အမေရိကန်သံတမန် တစ်ဦး နှင့် ယာဉ်မောင်းဖြစ်သူတို့ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် FBIအဖွဲ့အား
ဆူဒန်နိုင်ငံသို့ စေလွှတ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဌါနက ပြောကြားသည်။အမေရိကန်နိုင်ငံတကာဖွံ့ဖြိုး
ရေး အေဂျင်စီတွင် တာဝန်ထမ်းဆောင်သော John Granville သည် အင်္ဂါနေ့စောစောပိုင်းကနှစ်သစ်ကူးပါတီ
ပွဲမှ နေအိမ်သို့ ပြန်လာစဉ် ၎င်းစီးနင်းလိုက်ပါလာသော ယာဉ်အား သေနတ်ဖြင့် ချောင်း မြောင်း ပစ်ခတ်ခံရ၍
လက်၊ ပခုံး နှင့်ဝမ်းဗိုက်တွင် ဒဏ်ရာ ရရှိသေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာတွင်ချက်
ချင်းသေဆုံးခဲ့သည်။ ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌါက ချောင်းမြောင်းပစ်ခတ်မှုအား ပြစ်တင်ရှုတ်ချခဲ့သည်။ အ
ဆိုပါချောင်းမြောင်းပစ်ခတ်မှုတွင် ပါဝင်ပတ်သက်သူများအား စုံစမ်းစစ်ဆေးရာတွင်ဆူဒန်အစိုးရနှင့်အနီးကပ်
ပူးပေါင်းဆောင်ရွက်မည့် အမေရိကန်စုံစမ်းရေးအဖွဲ့အား ပြည်ဝင်ခွင့်ပေးရန်အစိုးရကသဘောတူထားသည်။
တံဆိပ်ခေါင်းကယ်လို့အထောင်းသက်သာ
တံဆိပ်ခေါင်း စုဆောင်းသူ ဗီယင်နာသား တစ်ဦးသည် အဘယ်ကြောင့် ၄င်း အနေဖြင့် သူ၏အခန်းငှားပိုင်းရှင်၏ အသက် ၂၁ နှစ်ရှိ၊ စွဲမက်ဖွယ် သမီး၏ အခန်းတွင်းအား ၀င်ရောက်၍ သူမခြုံထားခဲ့သော တဘက်အား ဆွဲခွာပြီး အောက်ပိုင်းအား စမ်းသပ် ခဲ့သည့်ကိစ္စအား ဖြေရှင်းချက် ပေးပြီးနောက်တွင် သြစတြီးယားတရားရုံးမှ လုံးဝပြစ်မှုမှလွှတ်ပစ်ခဲ့သည်။
၎င်း၏ရှင်းလင်းချက် မှာ တန်ဖိုးလွန်စွာကြီးလှသော နိုင်ငံခြားတံဆိပ်ခေါင်းအား ရေချိုး စဉ်မေ့ထားခဲ့ပြီး ရွှဲစိုနေမည့် တံဆိပ်ခေါင်းအား ရှာရာမတွေ့ သဖြင့် ၄င်းမှ အိပ်ခန်းပိုင်ရှင် သမီး၏ တင်ပါးအောက်တွင် ထိုင်မိထားသည်ထင်သဖြင့် ဤသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ထုခြေရာ တရားရုံးမှ ယုတ္တိယုတ္တာရှိလာသော ရှင်းလင်းမှုဖြစ်၍ အမှုအားပယ်လိုက်ခြင်းဟုသိရသည်။
အမေရိကန်မှာ ၁၂နှစ်အတွင်းစံချိန်တင် အိမ်ဈေးကျ
ကျွမ်းကျင်သူတွေခန့်မှန်းတာထက်တောင် ပိုပြီးအမေရိကန်မှာအိမ်အရောင်းအ၀ယ် တွေကျဆင်းလျက်ရှိတယ်လို့သိရပါတယ်။ အိမ်သစ်တွေရောင်းချခဲ့ရတဲ့နှုန်းဟာနိုဝင် ဘာမှာဆိုရင်နှစ်စဉ်ရောင်းရနှုန်း ၆၄၇၀၀၀ ရဲ့ ၉ရာခိုင်နှုန်းလောက်ကျသွားတာလို့ကုန် သွယ်ရေးဌာနကပြောပါတယ်။
မွန်ဂိုလီယာနိုင်ငံတွင် အဆိပ်အတောက် ပါဝင်သော Vodka အရက်သောက်သုံးမိ၍ လူ ၁၁ ဦးသေဆုံး
မွန်ဂိုလီယာနိုင်ငံတွင် နှစ်သစ်ကူးပါတီပွဲ၌ မက်သနောပါဝင်သော Vodka အရက်သောက်သုံးမိသဖြင့်
အဆိပ်အတောက်ဖြစ်ပွားရာမှ အနည်းဆုံးလူ ၁၁ ဦးသေဆုံး၍ လူ ၂၀ ကျော် ဆေးရုံတင်ကုသထားရသည်ဟု
တာဝန်ရှိသူများက ပြောကြားသည်။ ယင်း Vodka အရက်တွင် ပါဝင်သည့်အဆိပ်အတောက်ဖြစ်စေသောမက်
သနောများကို စက်မှုလုပ်ငန်းထုတ်ကုန်ပစ္စည်းများ သန့်ရှင်းအောင် ပြုလုပ်ရာတွင်သာ သုံးစွဲလေ့ရှိသည်။ ထို့
ကြောင့် အခင်းဖြစ်ပွားရာ Ulan Bator မြို့တွင် Vodka အရက်ရောင်းချခွင့်ကို စုံစမ်းစစ်ဆေးမှုမပြီးမချင်းယာ
ယီတားမြစ်ထားသည်ဟု အာဏာပိုင်များက ပြောဆိုသည်။ ယင်း Vodka အရက်များကို ကုမ္ပဏီတစ်ခုတည်း
မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ မွန်ဂိုလီယာနိုင်ငံတွင် Vodka အရက်ကိုအကြီးအကျယ်နှစ်သက်စွဲလန်းသောက်
သုံးလေ့ရှိသည်ဟု သိရသည်။
No comments:
Post a Comment