Tuesday, November 27, 2007

လူငယ်လူရွယ်နှင့်ကျန်းမာရေး

ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှားများ(၇)

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)

M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,

ယခုဖော်ပြမည့် အယူအဆအမှားမှာ လိင်အင်္ဂါနှင့်ပတ်သက်နေပါသည်။ လိင် ပိုင်းဆိုင်ရာနှင့်ပတ်သက်သောအယူအဆ အမှားဖြစ်နေသော်လည်း ဤအယူအဆ အမှားကြောင့် လူငယ်လူရွယ်များတွင် မဖြစ်သင့်သော အန္တရာယ်များဖြစ်နေကြ ကြောင်းတွေ့ရသည်။ ထို့အပြင် ဤ ပြဿနာမှာ တစ်ဦးတစ်ယောက်တည်း ပြဿနာမဟုတ်ပေ။ လူငယ်တချို့(အရေ အတွက် မနည်းသော)၏ ပြဿနာဖြစ်နေ ပါသည်။

အမျိုးသားများ၏လိင်အင်္ဂါအရွယ် အစားနှင့်ပတ်သက်ပါသည်။ လူငယ်တချို့ သည် မဂ္ဂဇင်းတိုက်၊ ဂျာနယ်တိုက်များသို့ မိမိတို့၏လိင်အင်္ဂါအရွယ်အစား သေးငယ် နေမှုအတွက် စာရေးမေးမြန်းမှုများရှိပါ သည်။ တချို့မှာ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ် မှုများပင်ရှိနေကြောင်း ရေးသားသောစာ များအရ တွေ့ရပါသည်။

ယောက်ျားလေးလူငယ်ထုအတွင်း ယောက်ျားပီသမှုတွင် လိင်အင်္ဂါအရွယ် အစားသည် အရေးကြီးသောကဏ္ဍမှပါဝင် သည်ဟု လက်ခံထားကြသည်။ လူငယ်တို့ အဆိုအရ စံချိန်မီရမည်ဟုဖြစ်၏။ စံချိန်မီ ရမည်ဟုဆိုသည့်တိုင် အမှန်စင်စစ် သူတို့ ကိုယ်တိုင် စံချိန်မည်မျှရှိရမည်ကိုမသိခြင်း ဖြစ်သည်။

ဟိုလူပြော၊ ဒီလူပြော ကြားဖူးနားဝ တော့ရှိကြသည်။ တရားမဝင်ရောက်လာ သောအခွေများကို ကြည့်ဖူး၊ မြင်ဖူးတာမျိုး လည်းရှိနိုင်ပါသည်။ ယင်းတို့မှာ သာမန် ထက် အဆပေါင်းများစွာ ချဲ့ကားထား သည်ဆိုခြင်းကို ယောက်ျားလေးလူငယ် အများစုကမသိကြပေ။

တချို့မှာ မှားယွင်းသောလုပ်ဆောင် မှုများကိုပင်ပြုတတ်ကြသည်။ လိင်အင်္ဂါ ကြီးအောင်ဆေးထိုးခြင်းဖြစ်သည်။ ဤကိစ္စ မှာ တစ်ဖက်နိုင်ငံတွင် လူငယ်အများ အပြား ထိုးကြသည်ဟုကြားသိရသည်။ လိင်တံအားဆေးအဆီရည်များထိုးပေးခြင်း ဖြစ်သည်။ ဤဆေးထိုးမှုကြောင့် ခေတ္တ ယာယီဟုတ်မှန်သယောင်တွေ့ရသည်။ သို့သော် ကာလကြာလာသောအခါ လိင် အင်္ဂါ၏ သာမန်တစ်သျှူးများတွင်အမျှင် တစ်သျူးများ ဝင်ရောက်အစားထိုးဖြစ်ပေါ် လာကာ နောက်ဆက်တွဲပြဿနာမျိုးစုံကြုံ တွေ့လာရသည်။ လိင်အင်္ဂါသည် စိတ်ဆန္ဒ ဖြစ်ပေါ်သည့်အခါ ကောင်းစွာကျယ်ကား မလာနိုင်ခြင်းနှင့်နာကျင်ခြင်း၊ အနာများဖြစ် ခြင်းတို့တွေ့ရသည်။

တချို့လူငယ်များသည် ဤပြဿနာ များကို မသိနားမလည်သောအခါ အမျိုး သားဆရာဝန်များထံ အရဲစွန့်ချဉ်းကပ်ကာ လိင်အင်္ဂါကြီးဆေး ထိုးပေးရန်ပင် တောင်း ဆိုမှုပြုလာတတ်ကြသည်။

လိင်အင်္ဂါ၏အရွယ်အစားမှာ သာမန် အားဖြင့် ၅စင်တီမီတာမှ ၁ဝစင်တီမီတာ ကြားရှိပါသည်။ လူငယ်လူရွယ်ယောက်ျား လေးများသည် သာမန်အရွယ်အစားမည်မျှ ရှိသည်ကို သူတို့ကိုယ်တိုင်အတိအကျမသိ ကြပေ။ မိမိတို့၏လိင်အင်္ဂါအရွယ်အစား မှာ သာမန်အရွယ်အစားရှိပါလျက် သေး ငယ်နေသည်ဟုထင်မှတ်မှားနေကြခြင်းသာ ဖြစ်သည်။

လိင်အင်္ဂါအရွယ်အစားသည် လူမျိုး အလိုက်တူညီမှုမရှိပါ။ ခန္ဓာကိုယ်အရွယ် အစားအလိုက်လည်း ပြောင်းလဲမှုရှိပါ သည်။ကျွမ်းကျင်ပညာရှင်များ၏အဆိုအရ မူလကအရွယ်အစားကြီးသောလိင်အင်္ဂါ၏ ဆန္ဒဖြစ်ပေါ်ချိန်၌ ကြီးထွားလာမှုထက် မူလက အရွယ်အစားသေးငယ်သောလိင် အင်္ဂါ၏ဆန္ဒဖြစ်ပေါ်ချိန်ကြီးထွားလာမှုမှာ ပိုမိုသာလွန်သည်ဟုသိရပါသည်။

မည်သို့ပင်ဖြစ်စေ ၅စင်တီမီတာ ၂ လက်မနှင့်၁ဝစင်တီမီတာ(၄လက်မ)ကြား ရှိလျှင် သာမန်ဖြစ်သည်ဆိုခြင်းကိုသိထား သင့်ပါသည်။ မိမိကြားဖူးနားဝရှိသော စကားများ၊ မြင်ဖူးသောရုပ်ပုံကားချပ်များ၊ ရုပ်ရှင်များ၏ချဲ့ကားပြောဆိုမှုအပေါ်မှား ယွင်းစွာ မယုံကြည်မိကြဖို့လိုပါသည်။

တစ်ဆက်တည်း တင်ပြလိုသည်မှာ လိင်အင်္ဂါအရွယ်အစားနှင့်လိင်ဆက်ဆံမှု ကိစ္စဖြစ်သည်။ အမျိုးသားများယုံကြည် ထားသည်မှာ မိမိတို့၏လိင်အင်္ဂါအရွယ် အစားကြီးမားမှသာ ဆက်ဆံဖော်၏ကျေ နပ်မှု၊ စွဲလန်းမှုရရှိနိုင်မည်ဟူ၍ဖြစ်သည်။ လုံးဝမှားယွင်းသောအယူအဆပင်ဖြစ်ပါ သည်။ လိင်ဆက်ဆံခြင်းသည် သာမန်အား ဖြင့်ညစ်ညမ်းမှုတစ်ရပ်ဟုဆိုနိုင်သော်လည်း ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်၊ ကြင်နာမှု၊ တစ်ဦးအပေါ်တစ်ဦး နားလည်နိုင်မှုတို့ သည် အလွန်အရေးကြီးကြောင်းသိထား သင့်ပါသည်။

လိင်ဆက်ဆံမှု၏ကျေနပ်မှုသည် လိင်အင်္ဂါအရွယ်အစားနှင့်ဆက်နွှယ်မှုမှာ အလွန်နည်းပါးပြီး တစ်ဦးနှင့်တစ်ဦးကြား အပြန်အလှန်နားလည်မှု၊ အပေးအယူမျှတ မှု၊ ချစ်ခြင်းမေတ္တာသံယောဇဉ်တို့ကသာ ပို၍လိုအပ်ကြောင်းတွေ့ရသည်။

လိင်အင်္ဂါအရွယ်အစားနှင့်ပတ် သက်၍မှားယွင်းသော အယူအဆများ ကြောင့် အန္တရာယ်ရှိသောလုပ်ဆောင်မှု များမပြုလုပ်ကြစေရန် ဆေးပညာနှင့်ပတ် သက်သောအယူအဆအမှားများမှတစ်ခု အနေဖြင့် တင်ပြပေးလိုက်ရခြင်းဖြစ်ပါ သည်။

2 comments:

အသေးလေး said...

ခင်များပြောတဲ့ဆေးပညာတော့နားမလည်ဘူး အရင်က ကျွန်တော်ဟာကတော်တော်သေးတော့ မိန်းမကတောင် ညည်းငွေ့ လာတယ် ဒါနဲ့ ဆေးထိုးလိုက်တော့မှ ပြန်ပြီးစိတ်ပါလာတယ် အင်း အား ဆိုတဲ့ အသံတွေပါထွက်လာတယ် သူလဲ ပိုကောင်းလာပြီး ကျွန်တော်လဲ ပိုခံစားမှုရှိလာတယ် ဆေးထိုးတာ ၂၀၀၀၀ ပေးရတယ် ဒါပေ့မယ် ကျေနပ်တယ် အခုထိတော့ ဘာမှ ရောဂါ လက္ခာမပြသေးပါဘူး အနေအထိုင်တော့ နည်းနည်း ဆင်ချင်ရတယ် မတော်ဘဲနဲ့ ဇွတ်မထည့်ပါနဲ့ စော်ကိုအပေါ်ကနေခိုင်းပြီးရင် လက်လေးနဲ့ မိနစ်အနည်းငယ် ချေပေးပါ ဒါကိုယ်တွေ့ပါ မယုံလျှင် ဓါတ်ပုံရိုက်ပြီးပို့ပေးပါမည် အီးမေးလိပ်စာ ပို့လိုက်ပါ ဆက်သွယ်ရန် koleeyar5154@gmail.com ကို ဆက်သွယ်ပါ မှတ်ချက်။ ။ရှည်တော့မလာပါ တုတ်တာကတော့ ရှယ်တုတ်လာမှာပါ အပျိုစစ်စစ်အော်ကို အော်ရမယ် ဆေးမရောင်းပါ စေတနာဖြင့် ရေးသားတာပါ ကိုယ်ချင်းစာလို့ပါ မိန်းကလေးများလည်း သိချင်ရင် ဘာမဆို မေးပါ

Unknown said...

ဘယ်မှာထိုးတာလဲ